Sunday, May 28, 2017

မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ




ပွင့်ဖြူ       မေ       ၂၅
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို မေလ(၂၅) ရက်နေ့၊ နံနက်(၉)နာရီက ပွင့်ဖြူ အ.ထ.ကကျောင်းခန်းမတွင်ကျင်းပရာ အခမ်းအနားတွင်ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘုန်းမြင့်မှ အမှာစကားပြောကြားပါသည်။

          ထို့နောက် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဝမ်းတင်မှ ပညာရေးလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ထက်/လယ်/မူ ကျောင်းသား/ကျောင်းသူများအား အခမဲ့ပုံနှိပ်၊ဗလာစာအုပ်များနှင့် မူလတန်းအဆင့် ကျောင်းသား/သူများအား ကျောင်းဝတ်စုံများအခမဲ့ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး၊ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၆၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း (၃)ကျောင်းရှိရာ မေလ(၂၅)ရက်နေ့မှ စ၍ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအတွက် လက်ခံ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment