Sunday, May 14, 2017

ပွင့်ဖြူမြို့နယ်တွင်ပထမတန်း အခြေခံပညာမူလတန်းဆင့် (သင်ရိုးသစ်) ဆွေးနွေးပွဲဖွင့်ပွဲကျင်းပ




ပွင့်ဖြူ      မေ     ၁၃
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် အခြေခံပညာမူလတန်းဆင့် ပထမတန်း (သင်ရိုးသစ်) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား မေလ (၁၃)ရက်နေ့ နံနက် (၉)နာရီက ပွင့်ဖြူ အ.ထ.က ကျောင်း ခန်းမတွင် ကျင်းပခဲ့ သည်။
          အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘုန်းမြင့် မှ အမှာစကားပြောကြားခဲ့သည်။ထို့နောက် တာဝန်ခံ မြို့နယ် ပညာရေးမှူး ဦးဝမ်းတင်မှ ပထမတန်း (သင်ရိုးသစ်) ဆွေးနွေးပွဲကျင်းပရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းကာ ဆွေးနွေးပွဲအား စတင်ကျင်းပခဲ့သည်။
          အဆိုပါ ဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ဆရာမ (၃၄၉)ဦးတက်ရောက်ခဲ့ပြီး သင်ရိုးသစ်ဆွေးနွေးပွဲအား မေလ (၁၃)ရက်နေ့မှ (၂၆)ရက်နေ့ထိ (၁၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း (ပွင့်ဖြူ)

0 comments:

Post a Comment