Monday, May 15, 2017

မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးနှင့်ကျန်းမာရေး၊သန့်ရှင်းရေးကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး




ငဖဲ     မေ     ၁၄
၂၀၁၇-၂၀၁၈ ခု၊ဘဏ္ဍာရေးနှစ်အတွက် ငဖဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက် ဆိုင် လုပ်ငန်းလိုင်စင်များ ထုတ်ပေးနိုင်ရန်အတွက် ငဖဲမြို့ပေါ်နှင့်ပဒါန်းကျေးရွာရှိ စားသောက်ဆိုင် များအား မြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှး ဦးဆန်းထွန်းနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ် ရဲတပ်ဖွဲ့မှး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြးရေးဌာန၊ မြို့နယ်မီး သတ်ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနများတို့မှ တာဝန်ရှိသူများလိုက်ပါကာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ ကောင်းမွန်စေရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေး ကောင်းမွန်စေရေးများကို ရှေးရှုလျက် မေလ ၁၃ ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။  

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့ပေါ်နှင့်ပဒါန်းကျေးရွာရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည် ဆိုင်(၁၃)ဆိုင်တို့အား လျှပ်စစ်မီးဘေးအန္တရာယ်ကင်းဝေးအောင် တပ်ဆင်ဆောင်ရွက်ထားမှုရှိ မရှိ၊ဆိုင်ခန်းဖွင့်လှစ် ရောင်းချသူများအနေဖြင့် ချက်ပြုတ်ကြော်လှော်ရာတွင် မီးဖိုများ မီးဘေး အန္တရာယ်ကင်းဝေးစွာ ဆောင်ရွက်ထားမှုရှိ မရှိ၊ ရေအိမ်သာများ သန့်ရှင်းစွာဆောင်ရွက်ထားရှိမှု ရှိ မရှိ၊ သားငါး အသီးအရွက်များ သန်းရှင်းစွာ ရောင်းချခြင်းရှိ မရှိနှင့် စားသောက်ဆိုင် လုပ်ငန်း လိုင်စင်များနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ခင်းကျင်းရောင်းချသူများအား ဌာနဆိုင်ရာများအလိုက် လိုအပ်ချက်များအား တာဝန်ရှိသူတို့က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment