Sunday, May 28, 2017

ပထမတန်း(သင်ရိုးသစ်)သင်တန်းဆင်းပွဲကျင်းပ




ငဖဲ     မေ     ၂၇
          မင်းဘူးခရိုင် ငဖဲမြို့နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ ပထမတန်း(သင်ရိုးသစ်)မြို့နယ်အဆင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ငဖဲမြို့ အထက ဗိုလ်ရွှဲခန်းမ ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းမောင်ဌေးက သင်တန်းဆင်းအမှာစကား ပြောကြား သည်။

          ဆက်လက်၍ သင်တန်းမှူးဆရာကြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်ထွန်းက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊သင်တန်းကြီးကြပ် ဆရာကြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းက သင်တန်းတွင် သင်ကြားပေးသည့် ဘာသာ ရပ်များအား လက်တွေ့နယ်ပယ်တွင် အသုံးချခြင်းဖြင့် နိုင်ငံတော်၏ ပညာရေးစနစ် ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အသီးသီးရှင်းလင်း ပြောကြား သည်။
          ထို့နောက် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများက ခြေ၊လက်၊ ခေါင်း၊ ခါး၊ မျက်နှာထား ငါးချက်စုံညီရှိရမည်နှင့်အညီ မြန်မာ့အခြေခံအကဖြစ်သည့် စည်း ၀ါးအက၊မြတ်ဆရာ၊ ပန်းကလေးများရဲ့ဥယျာဉ်မှူး၊ထာဝရမြန်မာ၊တိုးတက်လှဝေဖန်ခါးမြ၊သံချပ်နှင့်ရွှေရိုးဒေါ်မိုး စသည့် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          အဆိုပါသင်တန်းကို မေ ၁၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ သင်တန်းမှူး၊သင်တန်းနည်းပြ ဆရာ ဆရာမများက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ၊ ဘ၀တွက်တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ကာယနှင့်အနုပညာ(ပန်းချီ ဂီတ)စသည့် ဘာသာရပ်များအား သင်ကြားပို့ချခဲ့ကြောင်း နှင့်သင်တန်းသို့ မူလတန်းအဆင့်သင် ဆရာ ဆရာမ ၁၃၆ ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment