Wednesday, May 3, 2017

ငဖဲမြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်




ငဖဲ       ဧပြီ      ၃၀

မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မြို့ပေါ်နှင့်နီးစပ်ရာကျေးရွာများမှ ကလေးသူငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးဘာသာ သာသနာ ချစ်စိတ်များနှင့် ဘာသာရေးဗဟုသုတများ တိုးပွား စေရန်ရည်သန်လျှက် မျိုးဆက်သစ် သားငယ်သမီးငယ်များအတွက် စတုတ္ထအကြိမ်မြောက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ဧပြီလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ငဖဲမြို့မရပ်ကွက် မဟာသမယာရာမ ပရိယတ္တိကျောင်းသစ်ကျောင်း၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့်ကျောင်းသား ကျောင်းသူများက နမောတဿ(၃)ကြိမ်ရွက်ဆို အခမ်းအနားဖွင့်လှစ်၍ ဂုဏ၀န်ကျောင်းဆရာတော် ဦးကောဝိဒထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ယဉ်ကျေးလိမ္မာသင်တန်းဖြစ်မြောက်ရေး ကော်မတီ အဖွဲ့၏ ဥက္ကဌ ဆရာတော် ဦးသောမစာရမှ ယဉ်ကျေးလိမ္မာသင်တန်းဖြစ်မြောက်ရေး ဆရာ၊ဒကာ ညီညွတ်စွာ လုပ်ဆောင်ကြရန်နှင့်ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ၀မ်းမြောက်စကား ပြောကြားပြီး ဗုဒသာသနံစိရံတိဌတု(၃)ကြိမ် ရွက်ဆို၍ ဖွင့်ပွဲအခမ်းအနားရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းအား ဧပြီလ ၃၀ ရက်နေ့မှ မေလ ၇ ရက်နေ့ထိ နေ့စဉ်နံနက် ၈နာရီမှ ညနေ ၄နာရီထိ(၈)ရက်ကြာ သံဃာတော် ၆ ပါးနှင့်ဆရာ၊ဆရာမများက ကျောင်းသား ကျောင်းသူ (၂၇၅)ဦး အား ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချနည်း၊ဗုဒ္ဓ၀င်ကဏ္ဍ လူမှုကျင့်ဝတ်စာရိတ္တကဏ္ဍ၊(၃၈)ဖြာ မင်္ဂလာ အညွှန်း၊လောကနီတိသံပေါက်ကဗျာနှင့်အဓိပ္ပါယ်၊နှင့်ယဉ်ကျေးလိမ္မာကဗျာများကို ဝိုင်းဝန်းသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment