ငဖဲ မေ
၂၃
မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မူလတန်းဆရာအတတ်ပညာ မြို့နယ်အခြေပြုသင်တန်းဆင်း
ပွဲကို ယနေ့ နံနက် ၉ နာရီက ငဖဲ-အထက ဗိုလ်ရွဲခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူ
များ၊သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြ သည်။
အခမ်းအနားတွင် သင်တန်းသား သင်တန်းသူများက မြတ်ဆရာသီချင်းဖြင့်
သီဆိုဖွင့်လှစ် ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ မြို့နယ်ပညာရေးမှူး
ဒေါ်ခင်မာအေးချိုနှင့် သင်တန်းမှူး ဆရာကြီး ဦးဝင်းမြင့်ထွန်းတို့က သင်တန်းဆင်းအမှာစကား
ပြောကြားသည်။
ဆက်လက်၍
သင်တန်းသား သင်တန်းသူများကိုယ်စား ဆရာဦးဖြိုးကိုကိုမှ
ကျေးဇူးတင် စကားပြောကြားခြင်း၊သင်တန်းမှူး ဆရာကြီး ဦးဝင်းမြင့်ထွန်းက သင်တန်းဆင်း
လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့်သင်တန်းသား သင်တန်းသူများမှ ဖျော်ဖြေရေး အစီအစဉ်တင်ဆက်ခြင်းများ
ဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းကို
သင်တန်းသား သင်တန်းသူ(၄၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ(၂၄-၄-၂၀၁၇)ရက်နေ့မှ
(၂၃-၅-၂၀၁၇)ရက်နေ့ထိ ဆရာအရည်အသွေး ပြည့်မီရေးနှင့် လုပ်ငန်းခွင်တွင် မှန်ကန်သော သင်နည်းစနစ်များနှင့်
သင်ကြားပေးနိုင်ဖို့အတွက်(၁)လကြာ သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment