Friday, May 12, 2017

ဂန့်ဂေါတွင် အဘိဓမ္မာ ၇ ကျမ်းရွတ်ပွါးပူဇော်မှုအောင်ပွဲ ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ




ဂန့်ဂေါ မေ ၁၂
          နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တ ဝေပုလ္လနှင့် ဂန့်ဂေါ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒ န္တဇဋိလ တို့ကြီးမှူး၍ မြောက်ကုန်းရပ်ကွက် ဒေဝမုနိ မြတ်စွာဘုရား တန်ဆောင်း၌ မေ ၇ ရက်နံနက်မှစတင်ကာ အဘိဓမ္မာ ၇ ကျမ်းကို အသံမစဲ ရွတ်ပွါး ပူဇော်လျက်ရှိပြီး ရွတ်ပွါး ပူဇော်မှုအောင်ပွဲအဖြစ် မေ ၁၀ ရက် နံနက်က သံဃဒါနဆွမ်းလောင်းလှူပွဲကို ကျင်းပသည်။
          ထိုသို့ကျင်းပရာတွင် သံဃာတော် ၃၁ ပါးတို့က ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ပဌာန်းကျမ်း တို့ကို အသံမစဲ ရွတ်ပွါးပူဇော်ကြပြီး ယခု ကျင်းပသည့် အဘိဓမ္မာ ၇ ကျမ်း ရွတ်ပွါးပူဇော်ပွဲကို ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ ၄ နှစ်မြောက်အဖြစ် ကျင်းပနိုင်ခြင်းဖြစ်ကြောင်း နှင့် ပြည်သူ ၅၀၀၀ ကျော်တို့က ဆွမ်းဆန်တော်များ လောင်းလှူကြကာ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment