Monday, May 8, 2017

ပွင်ဖြူမြို့တွင် အထက်တန်း၊အလယ်တန်း ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ပွင့်ဖြူ       မေ    
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အထက်တန်း၊အလယ်တန်း ဘာသာရပ်ဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲကို မေလ (၈)ရက်နေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲတွင် တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးဝမ်းတင်မှ အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်မှ ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၊သင်တန်း စည်းကမ်းနှင့် ညွှန်ကြားချက် များကိုရှင်းလင်းပြောကြားကာ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။
          အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းများနှင့် မူလွန်ကျောင်းများမှ အထက်တန်းပြ၊အလယ်တန်းပြ ဆရာ/ဆရာမ (၄၃၂)ဦးတက်ရောက်ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေး နွေးပွဲကို မေလ (၈)ရက်နေ့မှ (၁၃)ရက်နေ့ထိ (၆)ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း (ပွင့်ဖြူ)

0 comments:

Post a Comment