Wednesday, May 3, 2017

ရန်ကုန် ကားအတွင်းက ငရဲခန်းနှင့် အဲယားကွန်းခန်းထဲက....

ကားက ခြေချလို့မရအောင်ကျပ်
လူတွေကအသေပူ
ကလေးကအော်
ချွေးနံ့က လှိုင်
နေရာရတော့ ဘေးနားက ထိုင်နေတဲ့ ကောင်လေးက ချွေးပြိုက်ပြိုက်ကျပြီး ခေါင်းငိုက်ငိုက်ကျသွားတော့ ပူလွန်းလို့ သူတစ်ခုခုဖြစ်သွားမလား ကိုယ့်မှာ စိတ်ပူလို့ လှည့်လှည့်ကြည့်နေရသေးတယ်
ဒီအချိန်မှာ နေပူထဲမှာ တောက်လျှောက်အလုပ်လုပ်နေတဲ့ သူတွေကို တကယ်စာနာပါတယ်
သူတို့တွေကို အလုပ်ချိန်များ ပြောင်းပေးကြရင် အရမ်းကောင်းမှာပဲ
ကမ္ဘာကြီးပူနွေးလာတဲ့အကျိုးသက်ရောက်မှုကို ဆင်းရဲတဲ့လူတွေက ပိုခံရတယ်
သစ်ခုတ်ထားတဲ့ ဟိုလူတွေကတော့ အဲကွန်းကားထဲ အဲကွန်းအခန်းထဲ ညိမ့်နေကြမှာပဲ

0 comments:

Post a Comment