Thursday, May 11, 2017

စလင်းမြို့တွင် မီးသတ်စခန်းအဆောက်အဦသစ် ဖွင့်လှစ်


စလင်း     မေ     ၁၀
ပြည်ထဲရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် တည်ဆောက်ရေးရန်ပုံငွေဖြင့် ပြည့်စုံလျှံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော မင်းဘူး ခရိုင် စလင်းမြို့နယ်မီးသတ်စခန်းနှင့်(၀န်ထမ်းနေအိမ်အပါအ၀င်)(၆၅’×၅၂’×၄၈’)RCC (4)ထပ် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီက စလင်းမြို့ ဈေးမရပ်ကွက် နာရပတိစည်သူလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့် ရွှေတန်ဆာဘုရာရှေ့မြို့နယ်မီးသတ်စခန်းဝန်းတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦးနှင့်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် တို့က မီးသတ်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဆောက်အဦဆိုင်းဘုတ်အား အမွေးနံ့သာရည်ပက်ဖြန်းပေးပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတာမှအဖွင့်အမှာစကားပြောကြားပြီး စလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး အဆောက်အဦအား တာဝန်ယူတည်ဆောက်ခဲ့သည့် ပြည့်စုံလျှံ ကုမ္ပဏီမန်နေးဂျင်းဒါရိုက်တာမှ အဆောက်အဦတည်ဆောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကာ စလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး အဆောက်အဦအသစ် တည်ဆောက်ပေးခြင်း အပေါ် မြို့မိမြို့ဖ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ပြည့်စုံလျှံကုမ္ပဏီမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသော ရပ်မိရပ်ဖများ နှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment