Monday, May 22, 2017

၂၀၁၇ ခုနှစ်၊ မေလ (၂၂) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်။

Tun Lwin
· 19 hrs ·
ကျန်းမာတော်မူကြပါစခင်ဗျာ။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်
လေထုမငြိမ်မသက်စတင်ဖြစ်ပေါ်နေပါပြီ။
၂၁-၅-၂၀၁၇
ည(ရး၀၆)နာရီ
၂၀၁၇ ခုနှစ်၊ မေလ (၂၂) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်။
မုန်တိုင်းဖြစ်ရန်အလားအလာ။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်လေထုမငြိမ်မသက်ဖြစ်ပေါ်လာရာမှးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပါတယ်။
အနောက်တောင်မုတ်သုံလေ၀င်ရောက်မှုအခြေအနေ။ အနောက်တောင်မုတ်သုံလေဟာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နဲ့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသ များသို့ဝင်ရောက်ခဲပြီးဖြစ်ပါတယ်။ မေလ(၂၄-၂၈)ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း ၊မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသ နဲ့ ရခိုင်းကမ်းရိုးတန်းဒေသများသို့ ဆက်လက်ဝင်ေ၇ာက်လိမ့် မယ်လို့ ခန့်မှန်းရပါတယ်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၂၀-၅-၂၀၁၇)ရက် နံနက် (၀၉း၀၀)နာရီအချိန်KALPANA_1ဂြိုဟ်တု မှ တိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း တို့မှာ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော် မှာတိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာတစ်ပြည်လုံး မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းနှင့်ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအသင့်အတင့် ရှိပါမယ်။မြန်မာ့ ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၂)ပေခန့် မှ (၄)ပေခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။ နေ့အပူချိန်များဟာ ကချင်ပြည်နယ်၊ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်၊ တို့မှာ28°C–33°Cခန့်၊ ကျန်ဒေသ တွေမှာ34°C–41°C ရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီး (တောင်ပိုင်း) မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မား အဆင့် တွင်ရှိနေနိုင်ပြီး၊ ကျန်ဒေသ တွေမှာ လွန်ကဲ အဆင့် တွင်ရှိနိုင်ပါတယ်။
မိုးတိမ်တောင် ဖြစ်ရန်အလားအလာ။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် တို့မှ လွဲ၍ ကျန်ဒေသများတွင် မိုးတိမ်တောင်များဖြစ်ထွန်း နိုင်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်ဖြစ်ရန်သေချာမှု ၄၅% မှ ၅၅% အထိရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ မွန် ပြည်နယ်၊ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာ ပါမယ်။ကျန်ဒေသ တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။
မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ မိုးအားလျော့နည်း နိုင်ပါ တယ်။
ဒေါက်တာထွန်းလွင်

0 comments:

Post a Comment