ငဖဲ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး
ငဖဲမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းသုံးသပ် ဆွေးနွေး ပွဲနှင့် စံပြမြစိမ်းရောင်ကျေးရွာ
ရွေးချယ်ပွဲအခမ်းအနားကို ဧပြီ ၂၇ ရက်နေ့လယ် ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး
အစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင်
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီမှူး ဦးယုနိုင်လင်းက စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ငဖဲမြို့နယ်အတွင်း
၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း
အကောင် အထည် ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီ
ဥက္ကဌများက ဆောင်ရွက်လျှက်ရှိသော ကျေးရွာများတွင် တွေ့ကြုံရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊
အားနည်းချက်၊အားသာချက်များ၊ သက်ဆိုင်သူအားလုံးမှ အကြံပြု သုံးသပ်တင်ပြဆွေးနွေးခဲ့ရာ
မြို့နယ်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူတို့က
ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မြစိမ်းရောင်ကျေးရွာများအနက်မှ
စံပြကျေးရွာ(၁)ရွာအား ရွေးချယ်ခြင်း အစီအစဉ် ကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment