မကွေး မတ် ၃၀
မကွေးတိုင်းဒေသကြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အလားအလာနှင့်စိန်ခေါ်မှုများ၊ တရားဥပဒေ စိုးမိုးရေး၏ အခန်းကဏ္ဍဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သံလွင် (Citizen Empowerment Program)တို့ ပူးပေါင်းစီစဉ်၍ ယနေ့ နံနက် ၉ နာရီက မကွေး မြို့တော်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော် တက်ရောက်ဆွေးနွေးခဲ့သည်။
ရှေးဦးစွာ သံလွင်(Citizen Empowerment Program)တည်ထောင်သူ ဦးဇော်မင်းကျော် က မကွေးတိုင်းဒေသကြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အလားအလာနှင့်စိန်ခေါ်မှုများ၊ တရားဥပဒေ စိုးမိုးရေး၏ အခန်းကဏ္ဍဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်သံလွင် (Citizen Empowerment Program)အကြောင်းတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အလားအလာနှင့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် စီးပွားရေးပညာရှင် ဒေါက်တာတင်ထူးနိုင်က လည်းကောင်း၊ဥပဒေ ပညာရှင် ဦးသိန်းဦးက တရားဥပဒေစိုးမိုးရေး၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment