အောက်ခြေဝန်ထမ်းဘဝ
~~~~~~~~~~~~
အောက်ခြေဝန်ထမ်း ဘဝလမ်း
မျှော်တမ်းတမိ ပင်စင်ရှိ ။
ပင်စင်ရှိသော် တို့မပျော်
အတော်ဆိုးလှ တို့ဘဝ ။
လုပ်သက်ဆုငွေ ထုတ်ရင်လေ
ကြွေးတွေနဲ့သာ ကုန်ရမှာ ။
အိမ်ခြံမရှိ ရင်နာမိ
ဘယ်ထိကံဆိုး နေမှာလဲ ။
လစာထုတ်ရက် ငါးပိချက်
တွဲဖက်ဟက်းလျာ မရှိပါ ။
အတိတ်ဝေဝါး စိတ်ထွေပြား
စိတ်အားငယ်ရ တို့ဘဝ ။
အထက်မဖား ပုံမှန်သွား
ခေါက်ထားခံရ တို့ဘဝ ။
အထက်ကိုဖား အောက်ကိုစား
လူပါးငတိ ချမ်းသာ၏ ။
ဟိန်းမင်း(မြန်အောင်ရေနံမြေ)
0 comments:
Post a Comment