Monday, April 3, 2017

ဓါတုလွတ် တန်းဖိုးမြင့် သီးနှံ (မိုးကြိုနှမ်း) ဈေးကွက်ဖော်ဆောင်ရေးစီမံချက် မိတ်ဆက်ပွဲကျင်းပ

ပွင့်ဖြူ      မတ်       ၃၀
ဓါတုလွတ် တန်ဖိုးမြင့် သီးနှံ(မိုးကြိုနှမ်း) ဈေးကွက်ဖော်ဆောင်ရေး စီမံချက် မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ (၃၀)ရက်နေ့ နံနက်(၉)နာရီက ပွင့်ဖြူမြို့နယ် ၊ စိန်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး၊(OAFADG) အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူရေးရာဖွံ့ဖြိုးရေးအစုအဖွဲ့ အတွင်းရေးမှူး ဦးညွှန့်ဝင်းမှ စီမံချက် မိတ်ဆက်ပွဲ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ ဓါတုလွတ် စိုက်ပျိုးနည်း ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး၊(OAFADG) အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူရေးရာ ဖွံ့ဖြိုးရေးအစုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးနိုင်မှ ဓါတုလွတ် တန်းဖိုးမြင့် သီးနှံ (မိုးကြိုနှမ်း) ဈေးကွက်ဖော်ဆောင်ရေး စီမံချက် အကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မိတ်ဆက်ပွဲသို့ တက်ရောက်လာသောတောင်သူများမှ စီမံချက် အကြောင်း သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး၊ (OAFADG) အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူရေးရာ ဖွံ့ဖြိုးရေးအစုအဖွဲ့  အဖွဲ့ဝင် ဦးအောင်လင်းမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူ (၇၀)ဦးတက်ရောက်ဆွေးနွေးခဲ့ကြပြီး၊ မိုးကြိုနှမ်းနှင့်အတူ အခြားသီးနှံများအား ဓါတုဆေးဝါးလွတ် အော်ဂဲနစ် သဘာဝ ဓါတ်မြေသြဇာများဖြင့် ဘေးထွက်ဆိုးကျိုးကင်းမဲ့သော စားသောက်ကုန် သီးနှံများ တောင်သူများမှ စိုက်ပျိုး ထုတ်လုပ်နိုင်ကာ ပြည်ပပို့ကုန် သီးနှံဈေးကွက်ကောင်းမွန်စွာရရှိရေး ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment