Sunday, April 23, 2017

သမ္မတကြီးကိုယ်​တိုင်​က အစိုးရကို ​ဝေဖန်​​ထောက်​ပြကြပါဆိုလို့ မအားတဲ့အထဲက ​ဝေဖန်​​ထောက်​ပြရတာပါဗျာ...

ထိုင်းမှာ ကားတစ်​စီးကို လိုင်​စင်​​ကြေး
အာမခံ​ကြေး ဘီးခွန်​ ညအိပ်​ခွန်
ဘာခွန်​ ညာခွန်​ အပြီးအစီး
လိုင်​စင်​သက်​တမ်းတိုးရင်​ တစ်​နှစ်​ကျသင့်​​ငွေဟာ
အိမ်​စီးကားငယ်​ ကျပ်​ ၅၀၀၀၀ ​ကျော်​​လောက်​ပါ...

တံခါး​လေး​ပေါက်​ဆိုရင်​​တော့  ၂ ဆ ကုန်​ကျပါမယ်​...

ထိုင်းတစ်​နိုင်​ငံလုံး ကြိုက်​တဲ့​နေရာသွား...
တံတား​ကြေး လမ်း​ကြေး မြို့ဝင်​​ကြေး
နောက်​ဘာမှန်းမသိတဲ့ ဘာ​ကြေး ညာ​ကြေး​တွေ
လုံးဝ(လုံးဝ)မရှိ အခု​မော်​​တော်​ယာဉ်​အသုံးပြုသူ​တွေကို
လည်​ပင်းညှစ်​ဖို့ ကြံစည်​​နေတဲ့
ဥပ​ဒေမှာမပါတဲ့ နယ်​​ကျော်​မြို့ဝင်​​ကြေးဆိုတာ
ကြား​တောင်​ မကြားဖူးပါ...

တောကတက်​လာတဲ့ကား​ရော
နယ်​ကတက်​လာတဲ့ကား​ရော
ဘန်​​ကောက်​ထဲဝင်​ ချင်းမိုင်​ထဲဝင်
တစ်​ပြားမှ ​ပေးစရာမလို...
မြို့​ရှောင်​ မိုးပျံတံတား
အမြန်​လမ်းကဖြတ်​ရင်​​တော့
လမ်း​ကြေး​ပေးရပါတယ်​...
မြို့ထဲလမ်းက သွားရင်
တစ်​ပြားမှ​ပေးစရာ မလို...

ပြည်​နယ်​ တိုင်းနံပါတ်​ပြား
(YGN/MDY)စသည်​ဖြင့်​ခွဲထားတာ
ယာဉ်​တိုက်​မှု့ဖြစ်​ရင်​ ဒုစရိုက်​မှုတစုံတရာဖြစ်​လာရင်
ဘယ်​နယ်​က ယာဉ်​လဲ သိ​အောင်​လို့ပါ...
အမည်​​ပြောင်း​ နယ်​​ပြောင်း​လျှောက်
ကြာချိန်​ အလှည့်​ကျရင်​ ၁ဝ မိနစ်​...
ကုန်​ကျ​ငွေ ကျပ်​ ၃၀၀၀၀ ​ကျော်​ခန့်​သာ...
ဌာနဆိုင်​ရာနဲ့ဆက်​ဆံရာမှာ
မြန်​မာပြည်​နဲ့ ​ပြောင်းပြန်​အချိုးကျတယ်​...

လမ်း​တွေကလည်း​ကောင်းလိုက်​တာ...
ပုရွတ်​ဆိတ်​ဆင်းဝပ်​စရာ​နေရာ​တောင်​မရှိ...
လမ်းမီး​တွေကလည်း လင်းလိုက်​တာ...
ရှေ့မီးကြီးမဖွင့်​ဘဲ ​မောင်းလို့ရတယ်​...
မြို့ထဲတင်​မဟုတ်​ဘူး...
ဟိုင်း​ဝေးလမ်းမတိုင်း...
ကျုပ်​တို့ဆီကလမ်း​တွေက
မုန့်​လင်​မယားဒယ်​အိုး​ပေါ်
ကား​မောင်း​နေရတဲ့အတိုင်း
ဘယ်​​ရှောင်​လည်းချိုင့်
ညာ​ရှောင်​လည်းကျင်း​နဲ့...

ထိုင်းမှာ လူတစ်​​ယောက်​ပျမ်းမျှဝင်​​ငွေဟာ
ကျပ်​ (၇) သိန်း​ကျော်​ အနည်းဆုံးရှိပါတယ်​...
ကျပ်​တစ်​သိန်းခွဲဟာ (တစ်​ရက်​ ဘတ်​ ၁၃ဝ ​ကျော်​)
လူတစ်​​ယောက်
အစာ အဟာရပြည့်​ ​အောင် အ​သီးအနှံပါအဝင်
ကောင်းစွာစားသုံးနိုင်​တယ်​...
လုပ်​ငန်းခွန်​ ဝင်​​ငွေခွန်​​ဆောင်​ထားပြီးရင်
ဘာစားစား ဘာဝယ်​ဝယ်
အခွန်​ သုံး​လေးထပ်​​ပေး​ဆောင်​စရာမလို...

ကျန်းမာ​ရေး ဝန်​​ဆောင်​မှု အခမဲ့...
ခွဲထားတဲ့ အနာ​ဆေးထည့်​ချိန်​တန်​လို့
ဆေးရုံမသွားရင်​ ည​နေ ၂ နာရီ​ကျော်​ရင်
ဆေးရုံက ​ကျေးဇူးပြု၍ အနာ​ဆေးလာထည့်​​ပေးပါရှင်​လို့
ဖုန်းဆက်​​ခေါ်လိမ့်​မယ်​...
အစိုးရ​ဆေးရုံ​တွေက ​ပေးတဲ့ဝန်​​ဆောင်​မှုကို​ပြောတာပါ...
ဆေးရုံက လူနာထမင်း အဟာရ အခမဲ့​ကျွေးတယ်
လူနာကို ဂရုစိုက်​တာလည်း​ပြောစရာမလို...

ပညာ​ရေးက​တော့...
နွားနို့စစ်​စစ်​ တစ်​​နေ့တစ်​ထုတ်​တိုက်​တယ်​...
ကျောင်းပိတ်​ရက်​ရှည်​အတွက်
အိမ်​ကိုထည့်​​ပေးလိုက်​တယ်​....
ထမင်း ​နေ့လည်​စာ အခမဲ့​ကျွေးတယ်​...
ကျောင်းဝတ်​စုံ ၂ စုံစာဝယ်​ပြီးရင်
ဘောင်​ချာပြပြီး ​ကျောင်းမှာ
ငွေထုတ်​ရုံသာ...
မြန်​မာပြည်​လို့ မဆန့်​မပြဲ
ကြီးတဲ့သူကြီး ဝတဲ့သူ ဝတ်​မရ မဖြစ်​​တော့...
က​လေး​တွေကို
စည်းကမ်းမဲ့အမှိုက်​ပစ်​ရင်​ ရှက်​တတ်​​အောင်​...
တာဝန်​ယူတတ်​သူ​တွေဖြစ်​​အောင်​...
ကျောင်း​တွေက ​လေ့ကျင့်​ပုံစံ​ပေးသင်​ကြား​ပေးတယ်​...
မူလတန်းအဆင့်​မှာ​တောင်
မေးခွန်းမှားတာမရှိပါ...

နိုင်​ငံတကာနဲ့ ယှဉ်​​ပြော​နေသူများ
ဘယ်​နိုင်​ငံမှာ ဘယ်​လို​ကောက်​တယ်​​ပြော​နေသူများ
မြန်​မာနိုင်​ငံက ပြည်​သူ​တွေအတွက်
ဘာ​တွေဝန်​​ဆောင်​မှု​ပေးပြီးပြီလဲ...
ဘယ်​လို​တွေလုပ်​​ပေး​ပေးပြီးလဲ
ဖြေ​ပေးပါ...

နယ်​​ကျော်​မြို့ဝင်​​ကြေး
ရန်​ကုန်​နဲ့ မန်း​လေးမှာ​ကောက်​ခံလိုသူများ
ဘယ်​မှာလဲ လမ်းမီး...
လမ်းအ​ခြေအ​နေ​တွေ ဘယ်​လိုရှိလဲ...
လမ်းပြအမှတ်​အသား...
ဘေးအန္တရာယ်​ကင်းရှင်းမှု ​ရောင်​ပြန်​​တွေ
ပြည့်​စုံ​အောင်​ တပ်​ပြီးပြီလား...
မော်​​တော်​ယာဉ်​အသုံးပြုသူ​တွေအတွက်
ဘာ​တွေ ဝန်​​ဆောင်​မှုလုပ်​​ပေးပြီးပြီလဲ...

BOT စနစ်​က အလီဘာဘာတို့
အ​ကောင်​အထည်​​ဖော်​ခဲ့တာမို့
စာချုပ်​မပြည့်​မချင်း ကြိတ်​ခံရဦးမှာ​ပေါ့​လေ...

ဒီ​လောက်​ လမ်းတံတား​ကြေး...
မြို့ဝင်​​ကြေး ဟို​ကြေး ဒီ​ကြေး​တွေများ​နေတာကို...
ရန်​ကုန်​နဲ့ မန်း​လေးက နယ်​​ကျော်​မျြို့ဝင်​​ကြေး​ကောက်​လို့
ကျန်​ပြည်​နယ်​နဲ့ တိုင်း​တွေက
အကုန်​လိုက်​​ကောက်​ရင်
ဘယ်​လိုလုပ်​ကြမှာလဲ...
ကျုပ်​တို့က ဆီပုလင်းခါးကြားထိုးထားရုံသာရှိ​တော့မှာ​ပေါ့...
နယ်​​ကျော်​မြို့ဝင်​​ကြေး ​ကောက်​ခံဖို့
လုပ်​​နေတဲ့သူ​တွေ မျက်​​တောင်​​မွေးတစ်​ဆုံးသာ
ကြည့်​တာလား​ပြောကြပါဦး...

ခင်​ဗျားတို့​ပြော ​ပြော​နေတဲ့
ပြည်​သူ​တွေအတွက်​တို့
ပြည်​သူနဲ့တစ်​သားတည်းတို့က
ဘယ်​မှာလဲ ဘယ်​​တော့ဖြစ်​မှာလဲ...

ရန်​ကုန်​နဲ့ မန်း​လေး​လောက်​ကားကြပ်​တာ
မ​ဖြေရှင်းတတ်​ရင်​ မလုပ်​တတ်​ မကိုင်​တတ်​ရင်
ဘန်​​ကောက်​မှာ ကားအစီး​ရေ
သိန်းနဲ့ချီ​မောင်း​နေတာကို
လမ်းမပိတ်​​အောင် ကားမပိတ်​​အောင်
ဘယ်​လိုစီစဉ်​ ညွှန်​ကြားလုပ်​ကိုင်​တယ်​ဆိုတာ...
သွား​လေ့လာသင့်​ပါတယ်​...
မရှက်​ပါနဲ့ မတတ်​တာဆိုတာ
နားမလည်​တာဆိုတာ သင်​မှတတ်​တာပါ...

ကျွန်​​တော်​လည်း နယ်​စပ်​မှာကား​တွေပြင်​မရတဲ့ဟာ​တွေ
ထိုင်းကလာပြင်​​ပေးရတာမို့
မရှက်​ဘဲ ထိုင်းမှာ သွားသင်​လာရတာပါ...
ကိုယ်​မှ မတတ်​တာကိုး...
ခုထိလည်း Update ဖြစ်​​အောင်
ထိုင်း​ရော မြန်​မာပါမှာ သင်​​နေရတုန်းပါ...

အဲ့ဒီ​တော့ ကျွန်​​တော်​​ပြောချင်​တာ
ခု ပြည်​သူ​တွေ စီးပွားကျ​နေတယ်​...
စား​ရေး ​သောက်​​ရေးခက်​ခဲတာ​ကြောင့်​...
မှုခင်း​တွေတိုးလာတယ်​...
ပြည်​သူ​တွေအဆင်​မ​ပြေဘူး...
အရင်​အစိုးရလက်​ထက်​ကထက်​...
ပိုပြီး ကြပ်​တည်းလာကြတယ်​....

တစ်​ခုခုလုပ်​ချင်​တယ်​ လုပ်​မယ်​ဆို
ပြည်​သူ​တွေ မျက်​နှာကို အရင်​ကြည့်​​စေချင်​တယ်​...

လေနဲ့အာလူးဖုတ်​ရ​ကြေးဆို
ဒီနှစ်​ကုန်​ အ​မေရိကန်​ကို ​ကျော်​​စေရမယ်
(စလုံး​လောက်​​တော့ပျင်းလို့ ထည့်​​မ​ပြော)
ကျွန်​​တော်​လည်း ​ပြောတတ်​တာဘဲ​လေ...
ဖြစ်​မလားဆို လက်​သုံးစကားအတိုင်း
စောင့်​ကြည့်​ပါဦး ​စောင့်​ပါဦး​ပေါ့ဗျာ...

NLD လည်းမဟုတ်
USDP လည်းမဟုတ်​ပါ...
ပါတီစွဲမရှိ လူပုဂ္ဂိုလ်​စွဲမထား
နိုင်​ငံကို တိုးတက်​​အောင်​လုပ်​မယ့်​သူ
ပြည်​သူ​တွေအတွက်​ လုပ်​မယ့်​သူ
မည်​သူ့ကို မဆို​ထောက်​ခံမှာပါ...

အန်​တီစုကိုလည်း ​ထောက်​ခံပါတယ်
အ​မေအိုကြီးဆွဲတဲ့ ​နောက်​တွဲ​တွေ​ပေါ်မှာ
အခန့်​သားထိုင်​စီးပြီး
လေကြီး​လေကျယ်​​တွေ​ပြော
လုပ်​သမျှ တစ်​ခုမှဖြစ်​မလာ
ပြည်​သူ​တွေကို ​ရွေး​ကောက်​ပွဲမတိုင်​ခင်
ကတိ​တွေ​ပေး အာလူးပူရီ​ရောင်း...
ရွေး​ကောက်​ပွဲပြီး တစ်​နှစ်​​ကျော်​​တော့
ပြည်​သူ​တွေကို ဂျင်းသုတ်​​ရောင်းဖို့ကြံစည်​​နေတာ​တော့
အပြုသ​​ဘော ဝေဖန်​​ထောက်​ပြရမှာဘဲ...
မကြိုက်​လည်း မတတ်​နိုင်​...

သမ္မတကြီးကိုယ်​တိုင်​က
အစိုးရကို ​ဝေဖန်​​ထောက်​ပြကြပါဆိုလို့
မအားတဲ့အထဲက ​ဝေဖန်​​ထောက်​ပြရတာပါဗျာ...

ပုံထဲကဟာ​တွေက ထိုင်းက
လမ်းနဲ့ လမ်းမီး​တွေပါ...

ကိုတိုး(အွန်​လိုင်းကားဝပ်​​ရှော့)

Photo ကိုယ်​တိုင်​ရိုက်​ဘာ

0 comments:

Post a Comment