Friday, April 7, 2017

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၇) ဒုတိယနေ့ ကျင်းပ


မကွေး       ဧပြီ      ၇
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၇)ဒုတိယနေ့ကို ဧပြီ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ စတင်ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

လွှတ်တော်အစည်းအဝေးသို့ ကိုယ်စားလှယ်(၆၈)ဦး တက်ရောက်ခွင့်ရှိသည့်အနက် (၆၇)ဦး တက်ရောက်သည့်အတွက်(၉၈.၅၃)ရာခိုင်နှုန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေး ပထမနေ့တွင် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ် က “မီးလောင်မှုဖြစ်ပွားစဉ် လူသေဆုံးမှုများနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၄)ဦးမှ ထောက်ခံဆွေးနွေးကာ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်း လင်း ဆွေးနွေးခဲ့ပြီး အဆိုရှင်၏ သဘောထားရယူ၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော် က သဘောတူအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော် မျိုးဝင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်၊ရေစကြိုမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးမင်းဟန် တို့က လွှတ်တော်သို့ အစီရင်ခံစာဖတ်ကြားတင်သွင်းခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ရာ ယင်းဥပဒေကြမ်းတို့ကို အတည်ပြုရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက လွှတ်တော်သို့အဆိုတင်သွင်းကာ သရက်မြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ ဦးဇော်မိုးအောင်နှင့် ဆိပ်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်သက်မွန်အေးတို့က ထောက်ခံခဲ့ကြပြီး လွှတ်တော်၏ ဆန္ဒသဘောထားရယူရာ လွှတ်တော်က ကန့်ကွက်သူမရှိသည့် အတွက် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ၊ အစည်းအဝေး ပထမနေ့တွင် ဆွေးနွေးခဲ့သော ကော်မတီ(၆)ခုတို့၏ ဆွေးနွေးချက်များအား    လွှတ်တော်တွင်    မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေး တိုင်းဒေသကြီးအစိုးရဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ယင်းဥပဒေကြမ်းများကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါ သည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၇)အောင်မြင် စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပြီး အစည်းအဝေးကို ၁၁း၄၅ နာရီအချိန်တွင် ရပ်နားခဲ့ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment