Wednesday, April 5, 2017

သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေသန့်ဘူးကြီးများနှင့် သောက်သုံးရေများ ပေးအပ်လှူဒါန်း


ချောက်       ဧပြီ       ၅
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် နွေရာသီ သောက်သုံးရေပြတ်လပ်မှု့မရှိစေရန် ဂွေးပင်အုပ်စု သန်းပင်ရွာ၌ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှ ယနေ့ နံနက် ၉ နာရီက ရေပေး ဝေလှူဒါန်း ခဲ့ကြောင်း သိရသည်။

သောက်သုံးရေလှူဒါန်းရာသို့ ချောက်မြို့နယ် ရဲမှူးအေးလွင်၊ဂွေးပင်စခန်းမှူး ရဲအုပ် ဝင်းရွှေနှင့် တပ်ဖွဲ့ ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်ကျော်နှင့်ဝန်ထမ်းများ လိုက်ပါ ဆောင်ရွက်ခဲ့ပြီး (၂၀)လီတာပါ ရေသန့်ဘူးကြီး(၃၀၀)ဘူး တန်ဘိုးငွေ (၁၂၀၀၀၀/ိ-) ကျပ်နှင့် သောက်သုံးရေဂါလံ(၆၆၀၀)ဆံ့ ရေသယ်ယာဉ်တစ်စီးဖြင့် ကျေးရွာအရောက် သွားရောက်ကာ ပေးအပ်လှုဒါန်းခဲ့ကြောင်းနှင့် အဆိုပါ   သန်းပင်ကျေးရွာရှိ အိမ်ထောင်စု(၃၄၂)စု၊ လူဦးရေ(၁၆၅၃)ဦး တို့  သောက်သုံးရေအခက်အခဲမရှိစေရေးအတွက်  ပေးဝေလှုဒါန်းမှု ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment