Wednesday, April 5, 2017

ယာဉ်မောင်းဦးဦးသိဖို့

**ယာဉ်မောင်းဦးဦးသိဖို့**

စီးယာဉ်မောင်းတဲ့ ဦးဦးရယ်
သတိရှိပါကွယ်။
မဆင်ခြင်ဖွယ် မောင်းရင်တော့
ဒုက္ခရောက်မှာပေါ့။

ပေါ့ပေါ့ဆဆ မောင်းတာပယ်
ကင်းဝေးအန္တရာယ်။
ပြေးလမ်းပေါ်ဝယ် လမ်းမှန်မောင်း
နှစ်ဦးနှစ်ဖက်ကောင်း။

ယာဉ်စည်းကမ်းကြောင်း လေ့လာကာ
လိုက်နာကျင့်သုံးပါ။
ယာဉ်မောင်းတဲ့ခါ မမူးက
ချမ်းသာသုခရ။
လှပကိုယ့်ဘဝ။   ။

ဉာဏကျော်

0 comments:

Post a Comment