~ဘဝ ခါးခါး~~~
´´´´´´´´´´´´´´´´´´´´´´´´´
စိတ်နှလုံး သာယာမှု
ကင်းမဲ့နေတဲ့…… ဘဝ
ဝမ်းမြောက်မှု ပါမောဇ္ဇဆိုတာ
ဘာကိုပြောတာလဲ ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှု
ပျောက်ဆုံးနေတဲ့…… ဘဝ
တည်ကြည်မှု သမာဓိဆိုတာ
ဘယ်လိုဟာကြီးလဲ ။
ပီတိသုခ ဘာတစ်ခုမှ
မကြုံခဲ့ရတဲ့…… ဘဝ
နှစ်သက်မှုနဲ့ ချမ်းသာမှုဆိုတာ
အဝေးရောက် ချစ်သူတွေလား ။
နိစ္စဓူဝ နေ့စဉ်အမျှ
ဗရုန်းသုန်းကား ဖြစ်နေရ
အောက်ခြေဝန်ထမ်းတွေရဲ့…… ဘဝ ။
အနာဂတ်အတွက် စိတ်မကောင်း
ဆင်းရဲမှုအပေါင်း သရဖူဆောင်း
အောက်ခြေဝန်ထမ်းတွေရဲ့…… အကြောင်း ။ ။
ဟိန်းမင်း(မြန်အောင်ရေနံမြေ)
0 comments:
Post a Comment