Monday, April 3, 2017

မီးဘေးသင့် အိမ်ထောင်စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှအိမ်ထောင်ပရိဘောဂပစ္စည်းများထောက်ပံ


ပွင့်ဖြူ         ဧပြီ       ၃
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၊ကျွဲထိကျေးရွာတွင် မတ်လ(၂၄)ရက်နေ့ ညနေ(၅း၃၀)နာရီ အချိန်တွင် ထမင်းချက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး၊အနီးဝန်ကျင်ရှိ နေအိမ် (၃)လုံးအား မီးကူးဆက်လောင်ကျွမ်းမှုမဖြစ်ပေါ်စေရန် ဖျက်သိမ်းခဲ့ရသည်။

အဆိုပါ မီးဘေးသင့် အိမ်ထောင်စုနှင့် နေအိမ်ဖျက်သိမ်းခံခဲ့ရသော အိမ်ထောင်စု(၃)စုတို့အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှထောက်ပံ့လှူဒါန်းသော အိမ်ထောင်ပရိဘောဂပစ္စည်းများနှင့် မီးဖိုးချောင်သုံး ပစ္စည်းများအား မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ရင်းမှူး၊ ဦးအောင်ဆန်းမြင့် ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းတွင်း သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment