~~ ဒု နဲ့ ဒေး ~~~
`````````````````````````
* အာဏာကြီး တစ်ခွဲသား
သေနတ်ကြီး တကားကားနဲ့ ၊
ငါမှ…… ပြည်ချစ်သားရယ်လို့
မောက်မာလို့ မနေလိုက်ပါနဲ့ ။
* ပင္နီအက်ႍ NLDရင္ထိုးမ်ား
ခွပ်ဒေါင်းအလံ တထူထူနဲ့ ၊
ငါမှ…… ဒီမိုဘက်တော်သားရယ်လို့
မော်ကြွားလို့ မနေလိုက်ပါနဲ့ ။
* ကော်လံကတုံး ရွှေရင်ဖုံးများ
ဘာသာရေး တရားတွေဟော
လူမျိုးရေး စကားတွေပြော
သာသနာ့အလံ တလူလူနဲ့ ၊
ငါမှ…… မျိုးချစ်သားရယ်လို့
ဝံ့ကြွားလို့ မနေလိုက်ပါနဲ့ ။
* နိုင်ငံရေး သမားဆိုပြီး
နိုင်ငံရေး စကားတွေပြော
အကျဉ်းသားဘဝ အတွေ့အကြုံတွေပြောနဲ့ ၊
ငါမှ…… နိုင်ကျဉ်းသားရယ်လို့
ဟစ်ကြွေးလို့ မနေလိုက်ပါနဲ့ ။
* မြန်ပြည်တစ်ခွင်မှာ
အသက်သွေးချွေးတွေ ပေးဆပ်ရင်း
ဘဝတွေကို စတေးရင်း
လူမသိသူမသိ တိတ်တဆိတ်
ကြွေလွင့်ခဲ့ရတဲ့ လှုပ်ရှားခဲ့ရတဲ့
အညတရ ပြည်ချစ်သားတွေ
အညတရ ဒီမိုဘက်တော်သားတွေ
အညတရ မျိုးချစ်သားတွေ
အညတရ နိုင်ကျဉ်းသားတွေ
ဒု နဲ့ ဒေး ရှိခဲ့ ၊ ရှိနေဆဲ ။ ။
ဟိန်းမင်း(မြန်အောင်ရေနံမြေ)
0 comments:
Post a Comment