Saturday, April 29, 2017

ဂန့်ဂေါတွင် မျက်စိအခမဲ့ကုသပေးမည်ဖြစ်ရာ လုပ်ငန်းလိုအပ်သည်များ ညှိနှိုင်းဆွေးနွေး


ဂန့်ဂေါ ဧပြီ ၂၈
ဂန့်ဂေါမြို့နယ်တွင် မျက်စိဝေဒနာရှင်များ အခမဲ့ကုသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် နေ့လယ် ၃ နာရီ က ဂန့်ဂေါမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန် အနောက်ပိုင်းဆေးရုံကြီး မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာနီလာသိန်း က ရှင်းလင်းတင်ပြရာတွင် မျက်စိအတွင်းတိမ်ရောဂါများ အပါအဝင် မျက်စိဝေဒနာများ၊ မျက်မှန်ကိစ္စများကိုပါ အလှူ့ရှင်များ၏ စေတနာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းတင်ပြသည်။

ထို့နောက် အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတို့က လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သည်များကို ရှင်းလင်းတင်ပြညှိနှိုင်း ကြကြောင်းနှင့် မျက်စိအခမဲ့ကုသမှုကို မေ ၃၀၊ မေ ၃၁၊ ဇွန် ၁ ရက်နေ့တို့တွင် ဂန့်ဂေါမြို့ ကုတင် ၁၀၀ ဆေးရုံ၌ ကုသသွားမည်ဖြစ်ကြောင်း သိရသည်။

စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment