Saturday, April 22, 2017

ဟင်းချက်ဒယ်နီအိုးမှ အပူရှိန်လွန်ကဲရာမှ တစ်ဆင့် ဂန့်ဂေါမြို့ လူနေအိမ် ၂ လုံး မီးလောင်မှု ဖြစ်ပွား

ဟင်းချက်ဒယ်နီအိုးမှ အပူရှိန်လွန်ကဲရာမှ တစ်ဆင့် ဂန့်ဂေါမြို့ လူနေအိမ် ၂ လုံး မီးလောင်မှု ဖြစ်ပွား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဂန့်ဂေါ ဧပြီ ၂၂

ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဦးမောင်ဦး၏ နေအိမ် တွင် ဧပြီ ၂၂ ရက်နံနက် နံနက် ၇ နာရီ ၄၅ မိနစ်က ဟင်းချက်ဒယ်နီအိုးမှ အပူရှိန် လွန်ကဲမှုဖြစ်ကာ အောက်တွင်ခင်းထားသည့် ပလပ်စတစ်အား မီးကူး စက်ရာမှ ဦးမောင်ဦး၏ နေအိမ်နှင့် ဦးတင်မောင်ထွန်း၏ နေအိမ်တို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ရာသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့် ခရိုင်ရဲ၊ မြို့နယ်ရဲ တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ် ဦးစီး ဌာနမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးဘေးတားဆီးကြီးကြပ်မှုကော်မတီ ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ပြည်သူများ ၂၀၀ ကျော်တို့ရောက်ရှိကာ သဲထုပ်၊ ရေထုပ်များဖြင့် လည်းကောင်း၊ မီးသတ်၊ သစ်ထုတ်ရေး၊ စည်ပင် သာယာရေး အဖွဲ့ တို့မှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီး တို့ဖြင့် လည်းကောင်း မီးငြိမ်းသတ်ကြရာ နံနက် ၈ နာရီအချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရှိရ သည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်များမှ မိသားစုဝင်များကို တာဝန်ရှိသူများက နေရာချထားပေးခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လည်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးမောင်ဦး(ခ) ထွန်းထွန်းဦး အား ဂန့်ဂေါမြို့မ ရဲစခန်း၏ အမှုအမှတ် (ပ) ၂၇၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

ဂန့်ဂေါ၊ ခရိုင်ပြန်/ဆက်

0 comments:

Post a Comment