မန္တလေး အထွေထွေ ရောဂါကု ဆေးရုံသို့ သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူ၈၁၃ဦးနှင့် သေဆုံးသူ ၁၇ ဦးရောက်ရှိ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော် ကာလအတွင်းအပျော် လွန်လည်ပတ်မှုကြောင့် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံသို့ ထိခိုက်ဒဏ်ရာ ရရှိသူ ၈၁၃ ဦးနှင့် သေဆုံးသူ ၁၇ ဦး ရောက်ရှိ လာကြောင်း ၄င်းဆေးရုံကြီး မှတ်တမ်း များအရ သိရှိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများ အနက် ပြင်ပလူနာ အဖြစ် ၄၈၃ ဦး လာရောက်ပြသကြပြီး အတွင်း လူနာအဖြစ် တက်ရောက်ကုသသူ ၃၃၀ ဦးနှင့် သေဆုံးပြီး နောက် ရောက်ရှိလာသူ ၁၇ ဦးရှိကြောင်း ၄င်းဆေးရုံကြီး ဆေးလူမှုဆက်ဆံ ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းလွင်ကပြောသည်။
သေဆုံးပြီး ရောက်လာတဲ့ သူတွေက ယောင်္ကျားလေး ၁၆ ဦးနှင့်မိန်းကလေး ၁ ဦးဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်အတွင်းမှာ ရောက်လာတဲ့ လူနာတွေရဲ့ မှတ်တမ်းအရ မန္တလေးခရိုင်အတွင်းမှာ ယာဉ်မတော်တဆမှုကြောင့် ရောက်လာသူ နည်းပါသလို အခုရောက်ရှိလာတဲ့ သေဆုံးသူတွေကလည်း မန္တလေး တိုင်းဒေသကြီးရဲ့ အနီးပတ်ဝန်းကျင် မြို့နယ်တွေက ဖြစ်ပွားပြီး ရောက်လာသူတွေ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သင်္ကြန်ပွဲတော် ကာလအတွင်းက မန္တလေး အထွေထွေရောဂါကု ဆေးရုံသို့ လာရောက် ပြသ ကြသည့် လူနာပေါင်း ၇၇၇ ရှိပြီး၎င်းတို့အနက်ပြင်ပ လူနာ ၄၈၀ ဦးအတွင်းလူနာ ၂၈၁ ဦး သေဆုံးပြီးမှဆေး ရုံကြီးသို့ ရောက်ရှိလာသူ ၁၆ ဦးနှင့်ဆေးရုံ ရောက်ရှိပြီးမှ သေဆုံးသူ ၁၄ ဦးရှိခဲ့ကြောင်း သိရသည်။
တင်မောင်-မင်းထက်အောင်(မန်းကိုယ်ပွား)
0 comments:
Post a Comment