Monday, April 3, 2017

မကွေးမြို့ ရွှေမြတ်မင်းသမီး ကာရာအိုကေ အဆင့်မြင့်အအေးခန်း စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွား


မကွေး     ဧပြီ      ၂
မကွေးမြို့ မြင်သာရပ် သစ္စာလမ်းနှင့်(၂၉)လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေ အဆင့်မြင့်အအေးခန်း စားသောက်ဆိုင်တွင် ယနေ့ ည ၁၀း၁၅ နာရီက မီးလောင်မှုဖြစ်ပွားသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်း/ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အသီးသီးမှ ပြည်သူများဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ  ၁၀း၄၅ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှု ကြောင့်  နှစ်ထပ်တိုက်နေအိမ် တစ်လုံး လောင်ကျွမ်းဆုံးရှုံးခဲ့ပြီး ကျား (၁၁)ဦး၊မ(၄)ဦးမီးလောင်ကျွမ်းခံ သေဆုံးခဲ့ကြောင်း ကနဦးသတင်းရ သိရှိရကာ တိကျမှုသတင်းကို ဆက်လက်ဖော်ပြသွားပါမည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment