Saturday, April 15, 2017

မုန်တိုင်းငယ်သတိပေးချက်အရ ရွှေစက်တော်ဘုရား ဘုရားဖူးများ အန္တရာယ် ကင်းရှင်းရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေပါပြီ၊ ဈေးဆိုင်များ တည်းကျောင်းများကိုလည်း ရွေ့ပြောင်းကြဖို့ နိုးဆော်လိုက်ပါပြီ။

မုန်တိုင်းငယ်သတိပေးချက်အရ ရွှေစက်တော်ဘုရား ဘုရားဖူးများ အန္တရာယ် ကင်းရှင်းရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေပါပြီ၊  ဈေးဆိုင်များ တည်းကျောင်းများကိုလည်း ရွေ့ပြောင်းကြဖို့ နိုးဆော်လိုက်ပါပြီ။

မင်းဘူးခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ
        စီမံခန့်ခွဲမှုကော်မတီ၏ကြေငြာချက်

    "  မုန်တိုင်ငယ်သတင်း သတိပေးခြင်းနှင့် ကြိုတင် ကာကွယ်ခြင်းများ ဆောင်ရွက်ရန် အသိပေး ကြေငြာခြင်း "

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တင်ပြချက်အပေါ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မုန်တိုင်းငယ်သတိပေးချက်တွင် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မန်းချောင်းအတွင်းသို့ စီးဝင်မည့် တောင်ကျချောင်းရေများကြောင့် ရုတ်တရက် ၀လျှပ်တပြက် ရေကြီးမှုဖြစ်ပေါ်နိုင်ပါသည်။

    သို့ဖြစ်ပါ၍ မန်းရွှေစက်တော် ဘုရားဖူး ဧည့်သည်များ အနေဖြင့် မန်းချောင်းအတွင်းမှ ပြန်လည်ထွက်ခွာ ပေးကြပါရန် နှင့် ရွှေစက်တော် ဘုရားပွဲတော်ဝင်း အတွင်းရှိ ဈေးဆိုင်များ တည်းကျောင်းများ အနေဖြင့် ရွေ့ပြောင်း ဆောင်ရွက်ခြင်းများ ပြုလုပ်သွားကြပါရန် အသိပေးကြေငြာအပ်ပါသည်။

       မင်းဘူးခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ
                   စီမံခန့်ခွဲမှုကော်မတီ

0 comments:

Post a Comment