Friday, April 14, 2017

ပွင့်ဖြူမြို့ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မှုခင်းများမဖြစ်ပေါ်စေရေး ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်


ပွင့်ဖြူ       ဧပြီ       ၁၄
ပွင့်ဖြူမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းစွာရေကစားနိုင်ရန်နှင့် မှုခင်းများမဖြစ်ပွားစေ ရေးတို့အတွက် လူစည်ကားရာနေရာများတွင် ပိတ်ဆို့ရှာဖွေခြင်းဆောင်ရွက်မှုကို ဧပြီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းတွင် မြို့မရဲစခန်းမှူး၊ ဒုရဲမှူး အေးဇော် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပိတ်ဆို့ရှာဖွေခြင်းဆောင်ရွက်မှုများကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူပေါင်း၍ ၊မင်းဘူး-စလင်းကာလမ်းမှ လက်ခုပ်ကျေးရွာလမ်းခွဲ နှင့် ဥယျာဉ်ကျစ်ကျေးရွာအနီးရှိ ကုန်းဇောင်း-သံကိုင်းလမ်းဆုံတွင်လည်းကောင်း၊ လယ်ကိုင်းကျေးရွာ၊ ရှမ်းတော်ရပ် တွင်လည်းကောင်း၊ ရွာခိုင်ကျေးရွာလမ်းဆုံနှင့် မဲဇလီကြိုးတံတားထိပ်တို့တွင် လည်းကောင်း မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား ပိတ်ဆို့ရှာဖွေခဲ့ပြီး၊ မဟာသင်္ကြန်ကာလအတွင်း မူခင်းများမဖြစ်ပေါ်စေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်ရေး အသိပညာပေး ခြင်းများနှင့် ဒုတ်/ဒါးနှင့် အခြားထိခိုက်လွယ် လက်နက်များ ယူဆောင်စီးနှင်းမှုမရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment