Wednesday, April 12, 2017

ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အသိပေးရှင်းလင်းဆွေးနွေး


မကွေး     ဧပြီ      ၁၁
ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနခွဲနှင့် WHO  တို့ပူးပေါင်း ဆောင်ရွက်သော Advocacy for Adolescent and Youth Health services တိုင်းဒေသကြီးအဆင့် ဆယ်ကျော်သက်နှင့် လူငယ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အသိပေးရှင်းလင်းဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်တို့က အမှာစကား အသီးသီးပြောကြားခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာမှ ဆယ်ကျော်သက်နှင့် လူငယ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆိုင်ရာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ လုပ်ငန်းများနှင့်ပတ်သက်၍ မေးမြန်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြီးပြည့်စုံသော ဆယ်ကျော်သက်လူငယ်ကျန်းမာရေး စောင့်ရှောက်မှုများရရှိရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ၊ မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဌာနခွဲ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ မကူးစက်သောရောဂါများ ကာကွယ် နှိမ်နင်းရေးဌာနခွဲနှင့် အခြားနှီးနွယ်ဌာနအဖွဲ့အစည်းများနှင့်ပါ  ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်၊ ထို့ပြင် ဆယ်ကျော်သက်လူငယ်များ ကျန်းမာရေးနှင့်သက်ဆိုင်သော အသိပညာဗဟုသုတများရရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ လိုက်နာကျင့်သုံးစေရန် ပညာရေးဝန်ကြီးဌာနမှ ပြဌာန်းထားသော Life Skill Education အား Comprehensive Sexuality Education အသွင်ဖြင့် Reproducation Health အပြင်  Rights based,Gender approach ဖြစ်စေရန် နည်းလမ်းများဖြင့် ဆယ်ကျော်သက်လူငယ် ကျောင်းသား ကျောင်းသူများအား လေ့ကျင့်ဆောင်ရွက်စေခြင်း၊ ကျောင်း ပြင်ပဆယ်ကျော်သက်လူငယ်များအား EXCEL သင်ရိုးတွင် ထပ်မံဖြည့်စွက်ကာ သင်ကြားပိုချဆွေးနွေး ခြင်း၊တက္ကသိုလ်၊ကောလိပ်များတွင်ဆယ်ကျော်သက်လူငယ်များအား အသိပညာ အသိပညာဗဟုသု တများပေးခြင်းနှင့်Peer Educator များ မွေးထုတ်ပံ့ပိုးခြင်းတို့ကို ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ရန် စီစဉ်ထားပါတယ်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။

ဆယ်ကျော်သက်လူငယ်ကျန်းမာရေး စောင့်ရှောက်မှု အသိပေးဆွေးနွေးပွဲအခမ်းအနားများကို ပြုလုပ်ပြီး မကွေးတိုင်းဒေသကြီးမှ ရေနံချောင်းနှင့်တောင်တွင်းကြီးမြို့နယ်တို့ကိုရွေးချယ်ထားကာ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး စောင့်ရှောက်မှု  ဆင့်ပွားသင်တန်းများကို ပို့ချဆောင်ရွက်သွားမည်ဖြစ်ပြီး   အခြားမြို့နယ်များတွင်လည်း အလျဉ်းသင့် သလို အခြေခံကျန်းမာရေးဝန်ထမ်းများအား အရည်အသွေးမြှင့်တင်ခြင်းများ ဆောင်ရွက်ကြရမှာ ဖြစ်သည့်အတွက် မိမိတို့ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အခြားဌာနများ၊ နှီးနွယ် အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment