Wednesday, April 5, 2017

ကာရာအိုကေ မီးလောင်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေး စီအိုင်ဒီမှ စုံစမ်းစစ်ဆေးလျက်ရှိ

ကာရာအိုကေ  မီးလောင်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့မှု
အမှုမှန်ပေါ်ပေါက်ရေး စီအိုင်ဒီမှ စုံစမ်းစစ်ဆေးလျက်ရှိ

မကွေးမြို့ မြင်သာရပ် သစ္စာလမ်းနှင့် (၂၉)လမ်းထောင့်ရှိ ဦးရဲညွန့်(ခ) ရွာသား(၅၀)နှစ် ငှားရမ်းလုပ်ကိုင်သော ရွှေမြတ်မင်းသမီး ကာရာအိုကေ စားသောက်ဆိုင်တွင်
ဧပြီ ၂ ရက် ညပိုင်းက မီးလောင်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ရာ သေဆုံးသူများမှာ မင်းသက်နိုင်(၂၆)နှစ်(ကျပန်း) သိင်္ဂါရပ် မကွေးမြို့၊ ကျော်မင်းဦး(၃၈)
နှစ်(ကျပန်း) (၁၉)လမ်း မကွေးမြို့၊ စည်သူ(၂၁)နှစ် အထက(၃)ဥယျာဉ်မှူး သိင်္ဂါရပ် နှင်းဆီလမ်း မကွေးမြို့၊ သိန်းသန်းထိုက်(၂၃)နှစ် အငယ်တန်းစာရေး
တိုင်းပညာရေးမှူးရုံး သိင်္ဂါရပ် သုခလမ်း မကွေးမြို့၊ အောင်ကိုသက် (၃၇)နှစ် (ကျပန်း) သိင်္ဂါရပ် မကွေးမြို့၊ မင်းအောင်ဇော်(ခ)ဗေလုဝေ (၃၁)နှစ် မုန့်လုပ်ငန်း
သီတာ(၈)လမ်း မကွေးမြို့၊ အောင်ကြီး(၂၆)နှစ်(ကျပန်း) မြနန္ဒာလမ်း သိင်္ဂါရပ်ကွက် မကွေးမြို့၊ နေထက်အာကာထွန်း(၂၄)နှစ် ကမ္ဘောဇဘဏ် မြနန္ဒာလမ်း
သိင်္ဂါရပ်ကွက် မကွေးမြို့၊ ဒုအရာခံဗိုလ်ဇင်ကိုဦး (၄၆)နှစ် ဆေးအရာခံဗိုလ် ခမရ(၃၀၁)မကွေးမြို့၊ တပ်ကြပ်ဇော်လင်းဦး (၄၁)နှစ် ခမရ(၃၀၁) မကွေးမြို့၊
စိုးမိုးနောင်(၂၈)နှစ်(ကျပန်း) နံကပ်ကျွန်းကျေးရွာ မကွေးမြို့၊ မြသီတာ(ခ)မုန်း (၂၆)နှစ် (KTV)အလုပ်သမ အမှတ်(၃) ရပ်ကွက် မြ၀တီမြို့၊ ဝင်းသူဇာ(ခ)
ဆောင်းသဇင် (၂၇)နှစ် (KTV)အလုပ်သမ အမှတ်(၈)ရပ်ကွက် မင်းလှမြို့၊ ပန်းရောင် (ခ) မခေါန်ထန့် (၂၀)နှစ် နန်းကွေးရပ် မြစ်ကြီးနားမြို့၊ အိဇာဇာမော်(၂၁)
နှစ် (နေရပ်လိပ်စာစုံစမ်းဆဲ)တို့ သေဆုံးခဲ့ကြပြီး မဆောင်းနှင်းဖြူမှာ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိသည်။

အဆိုပါမီးလောင်မှု စစ်ဆေးသူ မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးစိန်အောင်က သေဆုံးသူများအား သက်ဆိုင်ရာပိုင်ရှင်များထံသို့ရောက်အောင် စိစစ်ရှာဖွေပေး
လျက်ရှိကြောင်း၊ အိမ်သုံးမီတာတစ်လုံးအား (Air Con 1 HP) ငါးလုံး၊ ရေခဲသေတ္တာနှစ်လုံး အသုံးပြုသည့်အတွက် Over Heat ဖြစ်သွား၍ မီးလောင်ရခြင်း
ဖြစ်ကြောင်း၊ လျှပ်စစ်မီးနှင့်ပတ်သက်၍ မိမိသဘောအလျောက် သုံးစွဲခြင်းမျိုးမပြုလုပ်သင့်ဘဲ နားလည်တတ်ကျွမ်းသော လျှပ်စစ်မှတာဝန်ရှိသူများနှင့် ပူးပေါင်း
ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

မီးလောင်မှုကြောင့် သေဆုံးခဲ့သူများ၏မိသားစုဝင်များအား သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် လူမှုရေးအဖွဲ့များက အလှူငွေများလည်းပေးအပ်
လျက်ရှိပြီး မီးလောင်မှုဖြစ်ပွားခဲ့သော ရွှေမြတ်မင်းသမီးကာရာအိုကေ ဆိုင်ငှားရမ်းလုပ်ကိုင်သူ ဦးရဲညွန့်နှင့် ဖက်စပ်လုပ်ကိုင်သူ ဦးကိုကိုနိုင်တို့အား မီးပေါ့ဆစွာ
သုံးစွဲမှုကြောင့် မီးလောင်မှုနှင့် မဆင်မခြင်ပေါ့ဆစွာပြုလုပ်မှုကြောင့် လူသေမှုပုဒ်မ(၂၈၅/၃၀၄-က)တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားကာ ထွက်ပြေးတိမ်းရှောင်
နေသူ ဦးကိုကိုနိုင်အား ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် စီအိုင်ဒီမှ စုံစမ်းစစ်ဆေးလျက်ရှိ
ကြောင်း သိရသည်။

မေသူလွင်(မကွေးကိုယ်ပွား)

0 comments:

Post a Comment