This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, April 30, 2017

မြေလတ်ဂျာနယ် အတွဲ- ၃၊ အမှတ် -၄ ထွက်ပါပြီ...။ ။

မြေလတ်ဂျာနယ် အတွဲ- ၃၊ အမှတ် -၄ ထွက်ပါပြီ...။ ၃၀-၄-၂၀၁၇ နေ့က ဖြန့်ချိလိုက်ပါသည်.
ယခင်လို သုံးရက်စောပြီး မထွက်နိုင်တာ စာဖတ်သူများကို လေးစားစွာ တောင်းပန်အပ်ပါသည်.
အယ်ဒီတာအဖွဲ့။

Friday, April 28, 2017

ထီးလင်းမြို့နယ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲနှင့် စံပြ မြစိမ်းရောင်ကျေးရွာ ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲကျင်းပ


ထီးလင်း ဧပြီ (၂၈) ရက်
ထီးလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း (၁၉) ယူနစ် (၂၅) ရွာ၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲနှင့် စံပြ မြစိမ်းရောင်ကျေးရွာ ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲအခမ်းအနားကို (၂၈-၄-၂၀၁၇)ရက်နေ့ နံနက် (၀၉း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ မြို့နယ်မြစိမ်းရောင်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။
အခမ်းအနားတွင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း မှ စီမံကိန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး (ကိုယ်စား) ဦးစီးအရာရှိ ဦးအေးထွန်းမင်းမှ စံပြမြစိမ်းရောင်ကျေးရွာ ရွေးချယ်မှု ပတ်သက်၍ ရှင်းလင်ပြောကြားပါသည်။
ဆက်လက်၍ ကျေးရွာမြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီ (၁၉) ယူနစ် (၂၅) ရွာ မှ တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက်များ၊ အားသာချက်များ ကို ဆွေးနွေးခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများ ကို နောက်နှစ်တွင် သင်ခန်းစာယူကြမည် ဖြစ်ကြောင်းပြောကြား ခဲ့ပါသည်။
ထို့နောက် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းမှ စံပြမြစိမ်းရောင်ကျေးရွာ ရရှိသည် အုန်းတွဲကျေးရွာကိုလည်းကောင်း၊ ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးထွန်းမင်း မှ စံပြမြစိမ်းရောင်ဂုဏ်ပြု မှတ်တမ်း ကိုလည်ကောင်း၊ မြို့နယ်မြစိမ်းရော်ကော်မတီ အတွင်းရေးမှူး ဒေါက်တာဝင်းသန်းမှ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီ စာရင်းဇယားပြုလုပ်မှု အားအကောင်းဆုံး ရရှိသည့် ပုဏ္ဏားကျေးရွာကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်များ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များနှင့် စုပေါင်း၍ မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို နံနက် (၁၀း၃၀) အချိန် တွင် ရုပ်သိမ်းခဲ့ပါသည်။ ဓါတ်ပုံ (၂)

သီရိ (DRD Htilin)

ထီးလင်းမြို့နယ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲနှင့် စံပြ မြစိမ်းရောင်ကျေးရွာ ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲကျင်းပမှု မှတ်တမ်းဓါတ်ပုံ

ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း မှ အဖွင့်အမှာစကားပြောကြားစဉ်















မြို့နယ်မြစိမ်းရောင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာဝင်းသန်း မှ စံပြ မြစိမ်းရောင်ကျေးရွာ ရရှိသည့် အုန်းတွဲကျေးရွာ အားဂုဏ်ပြုမှတ်တမ်းဆုချီးမြှင်စဉ်

ဂန့်ဂေါတွင် မျက်စိအခမဲ့ကုသပေးမည်ဖြစ်ရာ လုပ်ငန်းလိုအပ်သည်များ ညှိနှိုင်းဆွေးနွေး


ဂန့်ဂေါ ဧပြီ ၂၈
ဂန့်ဂေါမြို့နယ်တွင် မျက်စိဝေဒနာရှင်များ အခမဲ့ကုသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် နေ့လယ် ၃ နာရီ က ဂန့်ဂေါမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန် အနောက်ပိုင်းဆေးရုံကြီး မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာနီလာသိန်း က ရှင်းလင်းတင်ပြရာတွင် မျက်စိအတွင်းတိမ်ရောဂါများ အပါအဝင် မျက်စိဝေဒနာများ၊ မျက်မှန်ကိစ္စများကိုပါ အလှူ့ရှင်များ၏ စေတနာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းတင်ပြသည်။

ထို့နောက် အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတို့က လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သည်များကို ရှင်းလင်းတင်ပြညှိနှိုင်း ကြကြောင်းနှင့် မျက်စိအခမဲ့ကုသမှုကို မေ ၃၀၊ မေ ၃၁၊ ဇွန် ၁ ရက်နေ့တို့တွင် ဂန့်ဂေါမြို့ ကုတင် ၁၀၀ ဆေးရုံ၌ ကုသသွားမည်ဖြစ်ကြောင်း သိရသည်။

စိန်ကျော်(ဝါးဘိုးချောင်)

ဂန့်ဂေါမြို့ ကုတင် ၁၀၀ ဆေးရုံသို့ INFOSION PUMP လှူဒါန်း


ဂန့်ဂေါ ဧပြီ ၂၈
ဂန့်ဂေါမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ကလေးငယ်များ ဆေးသွင်းသည့်အခါ အသုံးပြုသည့် INFOSION PUMP လှူဒါန်းပွဲကို ဧပြီ ၂၈ ရက်နံနက်က အဆိုပါဆေးရုံ၌ပြုလုပ်သည်။

လှူဒါန်းပွဲတွင် စေတနာရှင် ဂန့်ဂေါမြို့ မြို့မရပ်ကွက်နေ ဦးသောင်းမြို့နှင့် ဇနီး ဒေါ်သောင်းခင် တို့က ငွေကျပ် ၁၃ သိန်းခွဲတန် INFOSION PUMP တစ်လုံးကို ပေးအပ်လှူဒါန်းရာ ကလေးအထူးကု ဒေါက်တာနီနီခင် က လက္ခံရယူ၍ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေလင်းဆွေ က ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည် ပေးအပ်သည်။

စိန်ကျော်(ဝါးဘိုးချောင်)


Tuesday, April 25, 2017

ကြီးပွါးကြောင်း (၇) ရပ်

အရမ်းကြိုက်လို့

ကြီးပွါးကြောင်း (၇) ရပ်
+++++++++++++++++

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ)

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)
.......

ဆရာဖေမြင့် (ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်)

Monday, April 24, 2017

သက်တမ်းတိုးမှုများအပေါ်တွင် ကုန်သွယ်ခွန် ကောက်ခံမည်ဖြစ်ကြောင်း သိရ။

နောက်ဆုံးတော့ ငထွားခါးနာ။
##################
SkyNet  စက်များရောင်းချမှုနှင့်
သက်တမ်းတိုးမှုများအပေါ်တွင်
ကုန်သွယ်ခွန် ကောက်ခံမည်ဖြစ်ကြောင်း
သိရ။
###################
၂၀၁၇ ခုနှစ်၊
ဧပြီလ၊ (၂၅) ရက်နေ့မှ စတင်၍
SkyNet စက်အသစ်ဝယ်ယူသော
Customer များထံမှ
စက်တန်ဖိုးအပေါ်တွင် ကုန်သွယ်ခွန် ၅%
ကောက်ခံမည်ဖြစ်ကြောင်းနှင့်
သက်တမ်းတိုးသော Customer များထံမှ
ဝယ်ယူသည့်သက်တမ်းတန်ဖိုး
အပေါ်တွင် ကုန်သွယ်ခွန် ၅%
ကောက်ခံမည်ဖြစ်ကြောင်း
SkyNet မှ သတင်းထုတ်ပြန်ကြေညာ
ထားသည်။

Source-aungkyawthu

မကွေးဧရာဝတီတံတားကြေး၆၀၀အစား၁၀၀၀ပိုတောင်းခြင်းနှင့် မင်းဘူးမြို့အဝင်ဘီးခွန်၂၀၀အစား၅၀၀ကျပ်အထိ

၂၀ရက်၊ဧပရယ်လ ၂၀၁၇ နံနက်ခင်း၆နာရီ ၁၀မီးနှစ်အချိန်ကပါ

မကွေးဧရာဝတီတံတားကြေး၆၀၀အစား၁၀၀၀ပိုတောင်းခြင်းနှင့် မင်းဘူးမြို့အဝင်ဘီးခွန်၂၀၀အစား၅၀၀ကျပ်အထိ သင်္ကြန်ကာလအပြီးတွင်ပိုမိုတောင်းခံသော "ကောင်းမွန်"ကုမ္ပဏီမှဝန်များအား ဥပဒေနှင့်အညီရှင်းပြပါသည် လုံးဝလက်မခံပါ ကျွန်တော်စီးလာသောကားမှာ ၁၃ယောက်စီး၎ဘီးကားသာဖြစ်ပါသည် မိမိကားရဲ့အခွန်ထက်ကျော်ပြီးကျွန်တော်မပေးနိုင်ပါ ကျွန်တော်ဥက္ကဌဂိတ်ပိုင်အဖြစ်တာဝန်ယူထားသော ကားဂိတ်တစ်ခုတွင်နေ့စဉ်ကားအစီးရေ၁၅စီးမှ၁ရက်လျှင် ကျပ်ငွေ၈သောင်းထက်မနည်း ၂သိန်းအကြားနေ့စဉ်လမ်း၊တံတား၊မြို့ဝင်၊၊ယကက၊ကြေးများပေးဆောင်လျက်ရှိပါသည် ၊ခွင့်ပြုချက်နှင့်ဥပဒေအထက်ကကျော်ပြီး ပိုမိုတောင်ခံလာပါက ကျွန်တော်ဘယ်တော့လက်မခံဘူးခဲ့ပါ  သူတို့တောင်းဆိုကောက်ခံသောဈေးနှုန်း၁၅၀၀ကျပ်မှာ၃၅ယောက်စီး၆ဘီးကား၂၉ပေအောက်ဈေးနှုန်းဖြစ်သောကြောင့်သက်မှတ်ထားသောဈေးသာကောက်ခံဖို့ကျွန်တော်ရှင်းပြပါသည် လုံးဝလက်မခံပါ အရင်လည်းဒီကား၁၅ယောက်စီးတွေကိုနေ့တိုင်း၈၀၀/၉၀၀ပေးနေကျကိုဒီနေ့မှထူးပြီးကျွန်တော် ကျွန်မပေးနိုင်ပါဘူး ငွေ၅၀၀တန်ဖိုးမများပါဘူး ဒါပေမဲ့ပြည့်သူ့ပိုက်ဆံကိုမတော်မတရား ပိုတောင်းပြီးခိုးတာမျိုးကို လုံးဝလက်မခံနိုင်ပါဘူး ။  ကျွန်တော်ဘက်မှပိုမိုပေးစရာမလိုကြောင်းကို အစိုးစရဖွဲရုံးမှာရှင်းလို့လည်းရပါတယ် လမ်းဦးစီးဌာနမှာရှင်းလည်းရပါတယ် မင်းဘူးထွေ/အုပ်ရုံးမှာရှင်းလည်းရတယ် အကိုတို့လိုက်ခဲ့ပါပြောတယ် လုံးဝမလိုက်နိုင်ဘူး ဒါရုံးမဟုတ်ဘူး ပိုက်ဆံတောင်းတဲ့ဂိတ်ကွဟုပြောပြီး ငွေမပေးနိုင်ရင်ကားရပ်ထားဟုပြောပြီးနောက်မှပါလာသောကားများခရီးသွားမိဘပြည်သူများကိုအခက်အခဲဖြစ်အောင်ပြောဆိုလာပါသည် ကျွန်တော်ခနစက်ရပ်ထားသည် ကျွန်တော်ပေးရမည်အခွန်အခတန်ကြေး၈၀၀ကိုကျွန်တော့ဘက်မှ၁၀၀၀ကျပ်တန်ပေးချေပြီးပါပြီ လုံးဝတံခါးဖွင်မပေးပဲပိတ်ထားပါသည် နောက်ကဝန်ထမ်းတစ်ယောက်ကသံပိုက်တစ်ချောင်းယူပြီးရိုက်ဖို့ပြင်တယ် အခြားတစ်ယောက်ကဆွဲလိုက်တယ် နောက်တစ်ယောက်ကကားဘေးကနေကျွန်တော်စကားပြောဆိုနေတာကို ဘယ်အချိန်ဝင်ရောက်လက်သီးနဲ့လိုက်မှန်းမသိပါ ကျွန်တော့အသားထိခါမှသိလိုက်ရပါသည် မင်းမဲ့စရိုက်ဆန်စွာရမ်းကားသော မင်းဘူးအဝင်ဂိတ်မှဝင်ထန်းများမှာဒီတစ်ကြိမ်တင်မကပါ အရင်တစ်ခါကလည်းကားတစ်စီးကိုခဲနထုလို့ပြဿနာတတ်ပြီး ရဲစခန်းဝန်ခံကတိလက်မှတ်ထိုးပြီးသူများဖြစ်ပါသည်ဟု ရဲအရာရှိတစ်ဦးမှ ကုမ္ပဏီပိုင်ရှင်လာရောက်ချိန်တွင် ထက်မံသတိပေးပြောဆိုသည်ကိုလည်းကြားခဲ့ရပါသည် ကုမ္ပဏီမှာဝန်ထမ်းအားလုံးအဆင့်ဆင့်အပြင် ပိုင်ရှင်သူဌေးကိုယ်တိုင်လာရောက်တောင်းပန်ပါသော်လည်း လက်ခံစဉ်းစားမည်မဟုတ်ပါ ပြစ်မှု့ကြူးလွန်သူကိုတရားဥပဒေနှင့်အညီ နိုင်ငံတော်ဝန်ကြီးချုပ်အဆင့်ထိ အောက်ခြေမှအဆင့်ဆင့်ဆက်လက်တိုင်ကြားသွားပါမည်
အဲဒီလိုလူမဆန်စွာကိုယ်ထိလက်ရောက်စော်ကားပြီးမှ လက်အုပ်ချီပြီးဝန်ချတောင်းပန်ချင်တာလိုလို ငွေအလျော်ပေးပြီးလာညှီချင်တာလိုလို အဲဒါမျိုးလက်ခံရအောင် ငါကဖာသည်မဟုတ်ဘူး ငါလုပ်တဲ့အရာတိုင်းကလူ့ကျင့်ဝတ်အညီသိက္ခာရှိရှိ တိတိကျကျ မှန်မှန်ကန်ကန်လုပ်တဲ့သူတစ်ယောက်မို့ တရားဥပဒေနဲ့ပဲရှင်ပါမယ် ငါ့ဘက်ကမှားတာရှိရင်လည်းဥပဒေရဲ့အပြစ်ပေးတာခံယူပါမည် ၊ ကုမ္ပဏီဘင်မှကျွန်တော့မခိုင်းပဲ ဝန်ထမ်း၅ယောက်ဖြုတ်ပြလိုက်ပါတယ် ကျွန်တော်အထင်မကြီးနိုင်ပါ ကိုယ့်ဝန်ထမ်းကိုတာဝန်မယူပဲ ခေါင်းရှောင်တဲ့သဘောသက်ရောက်နေပါသည် ၊သက်ဆိုင်ရာတရားရုံးမှဆင့်ခေါ်မှာဒီကောင်တွေရောက်မလာဘူးဆိုရင် ကုမ္ပဏီကိုပါ ထက်ပြီး တရားခံဖျောက်ဖျက်မှု့နဲ့တရားစွဲပါဦးမည် လုပ်ပိုင့်အခွင်အရေးထက်ပိုပြီး ၊ပြည်သူ့ငွေအလွဲသုံးစားလုပ်ပြီး ပိုမိုတောင်းခံခြင်းကိုလည်း ဆက်ဆုတ်ရွန်ရှာမှန်းတီးမိပါသည် ။ကျွန်တော့ဘက်ကလမ်းကြေးမပေးဘဲ ကားမောင်းသွားတာမျိုးလုံးဝမဟုတ်ပါ ကျသင်တန်ဖိုးပေးပြီးတာကိုတံခါးမဖွင့်ပဲ ပိုမိုတောင်းခံခြင်းသာဖြစ်ပါသည်
ဝေလျှံအောင် 09791090860 . 09440041007

မကွေးဝန်ကြီး ကွီးးမိုးးးး အပြတ်ဆော်တော့မည့်။ ကျပ်ခုနစ်ဘီလီယံကျော် အလွဲသုံးစားမှုကို အရေးယူဆောင်ရွက်ရန် သမ္မတရုံးညွှန်ကြားထား

မကွေးဝန်ကြီး ကွီးးမိုးးးး အပြတ်ဆော်တော့မည့်။

ကျပ်ခုနစ်ဘီလီယံကျော် အလွဲသုံးစားမှုကို အရေးယူဆောင်ရွက်ရန် သမ္မတရုံးညွှန်ကြားထား
====================================

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းခုနစ်ထောင်ကျော် အ လွဲသုံးစားမှုနှင့်ပတ်သက်၍ ဆက် လက်ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတရုံးက မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ထံ ညွှန်ကြားစာ ပေးပို့ထားကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက 7Day Daily သတင်းစာအား ပြောကြား သည်။

  ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ရေနံလက် ယက်တွင်းမှရရှိသည့် ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေ ကျပ်သန်းခုနစ် ထောင်ကျော် (၇ ဒသမ ၄၅၉ ဘီ လီယံကျပ်) အလွဲသုံးစားမှုအပေါ် ဆက်လက်ဆောင်ရွက်ရန် ပြည် ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားချက်ပေးပို့ခဲ့သည်။

ညွှန်ကြားတဲ့ စာထုတ် လိုက်ပြီ။ သင်္ကြန်ရုံးပိတ်ရက်ခံနေတော့ တိုက်ရိုက်မရောက်သေးတာဖြစ်မယ်။ ၂၄ ရက်နေ့ရုံးတက်မှ ဘယ်လိုဆက်လုပ်ဆောင်ရမလဲဆိုတာ သိမယ်’’ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က 7Day Daily သတင်းစာအား ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး ညွှန် ကြားချက်ကို သင်္ကြန်မတိုင်မီ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ညွှန်ကြား ချက်တွင်ပါရှိသည့် အချက်အ လက်များကို မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့အား မေးမြန်းရန် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

အဆိုပါ ဖွံ့ဖြိုးရေးရန်ပုံငွေ ပျောက်ဆုံးမှုကို တိုင်းဒေသကြီး အဆင့်က စစ်ဆေးရန် မလုံ လောက်၍ ပြည်ထောင်စုအစိုးရ အဆင့်သို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လအတွင်း တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ အရေးယူဆောင်ရွက်ရန် အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ညွှန်ကြားချက် အပြည့်အစုံကို သိရှိပြီးမှသာ ဆက်လက်ဆောင်ရွက်မည့်အခြေအ နေကို ပြောကြားမည်ဖြစ်ကြောင်းနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် ငွေကြေးဖြစ်၍ မေ့လျော့စွာ ကိုင်တွယ်ဖြေရှင်းမည် မဟုတ်ဘဲတရားဥပဒေစိုးမိုးရေး လမ်းကြောင်းမှ ဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

ကျွန်တော်တို့က ဒီငွေကြေး ပျောက်ဆုံးမှုအတွက် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအပေါ် ဘယ်လို အာဃာတနဲ့မှ လုပ်ဆောင်တာ မဟုတ်ပါဘူး။ ဒီငွေကြေးတွေဟာ အမျိုးသားလုပ်ငန်းရှင်တွေက တာဝန်သိသိနဲ့ အခွန်ဆောင်ထား တဲ့ ငွေဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေ ဖြစ်တဲ့အတွက် ဆောင်ရွက်ရမယ့် တာဝန်အတိုင်း ဖြေရှင်းဖို့ကြိုးစား နေတာဖြစ်တယ်’’ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်အဖွဲ့ တာဝန်ရှိသူလည်း ဖြစ်သည့် ဦးနေမျိုးကျော်က ဆိုသည်။

ယခင် အစိုးရလက်ထက် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုနှင့်ပတ် သက်၍ မကွေးတိုင်း အထူးစုံစမ်း ရေးဦးစီးဌာနက ပြည်ထောင်စု အစိုးရသို့ ၂၀၁၇ ဇန်နဝါရီအတွင်း တင်ပြရာမှတစ်ဆင့် ပျောက်ဆုံး မှုတွင် ကျပ် ၂ ဒသမ ၈ ဘီလီယံ မကဘဲ ကျပ် ၇ ဒသမ ၄ ဘီလီယံ ကျော်ရှိကြောင်း သိရှိခဲ့ခြင်းဖြစ် သည်။

ဆီးချိုရောဂါအတွက် နောက်ဆုံးသတင်း

ဆီးချိုရောဂါအတွက် နောက်ဆုံးသတင်း
~~~~~~~~~~~~~~

( ခရေရွက်လက်တစ်ဆုပ် )

တန်ဘိုးကြီးအင်္ဂလိပ်ဆေးတွေဝယ်ပြီးအမြဲမမှီဝဲနိုင်သူတွေအတွက်ပါ။ ခရေပင်ကခရေရွက်လက်တစ်ဆုပ်ပြုပ်။နံနက်စာစားပြီးရေနွေးကြမ်းတစ်ခွက်စာ။ ညနေစာစားပြီးတစ်ခွက်သောက်ရင်ဆီးချိုကိုထိန်းနိုင်တယ်ပြောပါတယ်။
ကုသိုလ်တော်ဘုရားဝင်းမှာဝေယျာဝစ္စလုပ်နေတဲ့အဘတစ်ဦးမှာခြေမခလုတ်တိုက်မိရာကအနာမကျက်နိုင်ပဲခြေတရွတ်ဆွဲသွားနေတာ။ဘုရားလာနေကျဆရာဝန်ကြီးတစ်ဦးကဆေးခန်းခေါ်စစ်ဆေးပေးရာဆီးချိုအဆင့်၁၂အထိတက်နေတယ်ပြောပါတယ်။ ဆီးချိုဆေးတွေပေးလို့အနာလည်းသက်သာသွားပါတယ်။ဒါပေမဲ့ကံဆိုးတာကသူ့ကိုကုပေးတဲ့ဆရာဝန်ကြီးကမလာတော့ပါဘူး။သားသမီးတွေခေါ်လို့နိုင်ငံခြားမှာနေဖို့ထွက်သွားပြီလို့ကြားသိရပါတယ်တဲ့။ဒီနောက်ပိုင်းမှာတော့ဘုရားလာသူတွေသဒ္ဓာကြေးပေးတဲ့ပိုက်ဆံနဲ့ဆီးချိုကျဆေးကိုဆရာဝန်ကြီးပေးနေကျအတိုင်းဝယ်သောက်ပေမဲ့နောက်ပိုင်းမှာမှန်မှန်ဝယ်မသောက်နိုင်ခဲ့ဘူး။ အနာဟောင်းတစ်ခုကပြန်ထပြီးရောင်ကိုင်းလာပါတယ်။
ဒါပေမဲ့တလောကလက်တွေ့ဆီးချိုပျောက်တဲ့ဘုန်းတော်ကြီးတစ်ပါးကမိန့်လို့ဘုရားထဲကခရေပင်ကြီးကအရွက်ကိုနေ့စဉ်လက်တစ်ဆုပ်ခူးပြီးပြုပ်သောက်ရာကဆီးချိုအနာများကျက်ပြီးလူလည်းနေကောင်းကျန်းမာ။ခြေထောက်ထုံကျင်လို့တရားမထိုင်နိုင်တာလည်းပြန်ထိုင်နိင်လာတယ်လို့ပြောပါတယ်။ဆီးချိုသမားများဟာထုံကျင်ရောဂါနဲ့အခန့်မသင့်ရင်လေငန်းလေဖြတ်ပါဖြစ်နိုင်ပါတယ်။
ဆီးချိုရောဂါကဆေးမီးတိုကောင်းတာနဲ့တွေ့ရင်အမြစ်ပြတ်ျပျာက်နိုင်ပေမဲ့တစ်ယောက်တစ်မျိုးဖြစ်နိုင်ပါတယ်။
သင်္ဘောသီးစိမ်းရေနွေးနဲ့ဆီးချိုမပျောက်တဲ့သူတွေ
ကြောင်လျာသီးနဲ့မပျောက်တဲ့သူတွေ
ခွေးတောက်ရွက်နဲ့၊ကြက်ဟင်းခါးရွက်နဲ့ဆီးချိုမကျသူတွေ
ခရေရွက်လက်တစ်ဆုပ်နည်းကိုစမ်းကြည့်ကြပါ။

ကြည်လွင်မြင့်( မုဒြာ )

အကြောက်တရားနှင့်ကခုန်ခြင်း

အကြောက်တရားနှင့်ကခုန်ခြင်း

By- ရဲမိုး ( YJS ဦးရဲနိုင်မိုးဖြစ်ပါတယ်)
၂၄ ဧပြီ ၂၀၁၇
7 Day Daily News

အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ ဖြစ်ပါသည်။ ပြဿနာမစခင်အထိတော့ ထိုနေ့ သည်လည်း ပုံမှန်နေ့များလိုပင် အေးအေးချမ်းချမ်း ရှိနေခဲ့သည်။

ပြဿနာကို ဆရာမမတစ်ဦး က စတင်ပါသည်။ စာသင်ခန်းထဲ မှာ အလုပ်လုပ်နေရင်း သူမက နှာ ခေါင်းတရှုံ့ရှုံ့လုပ်သည်။ ကျောင်းသားများက ဘာဖြစ်လို့လဲဟု ဆရာမကို မေးသည့်အခါ သူမက ‘ဂက်စ်နံ့ရနေတယ်’ဟု ပြန်ဖြေ သည်။ တစ်ခန်းလုံး နှာခေါင်းတရှုံ့ရှုံ့ လုပ်ကြတော့သည်။ ‘ဟုတ်တယ်။ ငါလည်း ဂက်စ်နံ့ တစ်မျိုးမျိုးရနေတယ်’ဟု အချို့က ဆိုသည်။ သိပ်မကြာခင်မှာပဲဆရာမက ခေါင်းတွေမူး၊ အသက်ရှူကျပ်လာပြီး မူးလဲမလိုဖြစ်လာ တော့သည်။

သတင်းက ချက်ချင်းဆို သလို အနီးအနားက စာသင်ခန်း တွေဆီကို ပြန့်သွားသည်။ ကျောင်းထဲမှာ ဓာတ်ငွေ့တွေ ပျံ့နှံ့နေပြီဟု သတင်းပေးကြသည်။ ကျောင်း သား၊ ကျောင်းသူအချို့ မူးမေ့လဲ ကျကြသည်။ ကျောင်းခန်းတွေထဲ က ထွက်ပြေးကြသည်။ နောက် ဆုံးတော့ တစ်ကျောင်းလုံးကို အရေးပေါ်ရွှေ့ပြောင်းကြရတော့သည်။

ကျောင်းသား အယောက် ၈၀ နှင့် ကျောင်းဝန်ထမ်း ၁၉ ယောက်ကို အနီးဆုံးဆေးရုံက အရေးပေါ်ကုသဆောင်မှာ တင် လိုက်ရသည်။ ကျောင်းအာဏာ ပိုင်အဖွဲ့က စုံစမ်းစစ်ဆေးမှုကြီး စတင်တော့သည်။ မီးသတ်ဌာန နှင့် ကျန်းမာရေးအရာရှိများက တစ်ကျောင်းလုံးကို ပိုက်စိပ်တိုက် စစ်ဆေးသည်၊ ရှာဖွေသည်၊ အနံ့ ခံသည်။

ထွက်လာသည့် အဖြေက တော့ ‘နိုး’ဖြစ်ပါသည်။ မည်သည့် ဓာတ်ငွေ့အနံ့မျှမရှိပါ။ ဘာဓာတ် ငွေ့မျှ ပျံ့နှံ့နေခြင်းမရှိပါ။ ဂက်စ်နံ့ ရသည်ဟုထင်သည့် ပထမဆုံး ဆရာမ၏ အကြောက်တရားက ကျန်သူများကို ကူးစက်သွားခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က တင်နက်ဆီပြည်နယ် အထက်တန်းကျောင်းလေးမှာ ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်က စိတ် ပညာရှင်များအတွက် လေ့လာ စရာ သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါ သည်။

လူတွေ ဘာကိုကြောက်ကြ သလဲ၊ အကြောက်တရားတွေဆီ က ဘယ်သူတွေ အကျိုးအမြတ် ထုတ်ယူကြသလဲဆိုတာကို ဆွေး နွေးကြပါစို့...။

အကြောက်တရား၏ စွမ်း အားကို အကျွမ်းကျင်ဆုံး အသုံး ချနိုင်သူများကတော့ ကောက် ကျစ်သော နိုင်ငံရေးသမားများနှင့် အာဏာရှင်များဖြစ်သည်။

အာဏာရှင်အတွက် လက် စွဲကျမ်း (A Handbook for the Inspiring Dictator)ကို ရေးသား သူ အင်ဒရေဒီဂီလိုပီက အာဏာ ရှင်တစ်ဦးမှာ စိတ်ကူးကြီးကြီး တစ်ခု (Big Idea) ရှိရမည်ဟု ဆိုသည်။ လူအများစုက ကိုယ့် ဦးဆောင်မှုကိုလိုက်ပြီး ကိုယ်လုပ် သမျှကို ထောက်ခံဖို့အတွက် စိတ် ကူးကြီးကြီးရှိရမည်ဟု သူက ပြောသည်။

တကယ်တော့ အာဏာရှင် များ ထုတ်လုပ်သည့် စိတ်ကူးကြီး ကြီးများ၏ ဗဟိုချက်မမှာ တည်ရှိ သည့် အရာကတော့ သာမန်ပြည် သူများအကြားမှာ ပျံ့နှံ့လွယ်လေ့ ရှိသည့် အကြောက်တရားဖြစ်ပါ သည်။ အာဏာရှင်ဟစ်တလာက ဂျာမနီပြည်၏ စီးပွားရေးသည် ဂျူးများ၏ လက်ထဲမှာ ရောက်နေပြီဟု ကြွေးကြော်သည်။ လူ့အဖွဲ့အစည်း၏ လက်ရှိအခြေအနေအ ပေါ်ကို စိုးရိမ်နေသည့် သာမန် ပြည်သူအများစုကို အကြောက် တရားနှင့် သိမ်းသွင်းသည့် စိတ် ကူးကြီးကြီးဟုဆိုရမည်။ အလွန် အောင်မြင်သည့် စိတ်ကူးဖြစ်ပါ သည်။ ဂျူးလူမျိုးခြောက်သန်းခန့် သတ်ဖြတ်ခံခဲ့ရပါသည်။

စိတ်ဝင်စားစရာ ကောင်း သည်ကတော့ အရူးထသည့် စိတ် ကူးများကို ဘာကြောင့် သာမန် ပြည်သူများက အလွယ်တကူယုံ ကြည်ကြသလဲဆိုသည့် အချက် ဖြစ်ပါသည်။ အကြောက်တရား ကို လူအများစုက ဘယ်လောက် လျင်လျင်မြန်မြန် လက်ခံနိုင်သလဲ ဆိုသည့် နမူနာက Jaws ရုပ်ရှင် ဇာတ်ကားဖြစ်သည်။

ကမ္ဘာကျော် ဒါရိုက်တာစတီ ဗင်စပီးလ်ဘာ့ခ် ရိုက်ကူးသည့် Jaws ဇာတ်ကားသည် ပင်လယ် ကမ်းခြေတစ်ခုမှာ အပန်းဖြေရေ ကူးသူများကို ကိုက်ဖြတ်စား သောက်သည့် လူသားစား ငါးမန်း  ဖြူကြီးတစ်ကောင်အကြောင်း ဇာတ်လမ်းဖြစ်ပါသည်။ ထိုဇာတ် ကားကို ၁၉၇၅ ခုနှစ်မှာ ရုံတင် သည့်အခါ ဝင်ငွေစံချိန်တင်ခဲ့ပြီး ထိုအချိန်က ရုပ်ရှင်ပရိသတ်များ အကြားမှာ ရေပန်းအစားဆုံး ဇာတ်ကားဖြစ်ခဲ့သည်။ ပြဿနာ ကတော့ ၁၉၇၅ ခုနှစ် နွေရာသီမှာ ထိုဇာတ်ကားကြည့်အပြီး ပင် လယ်ကမ်းခြေ အပန်းဖြေစခန်း များကို ဘယ်သူမျှ မလာကြတော့ ခြင်းဖြစ်ပါသည်။ ရုပ်ရှင်ထဲက ငါးမန်းဖြူကြီးကို ကြောက်စိတ်က ကမ်းခြေ စီးပွားရေးလုပ်ငန်းများ ကို အကြီးအကျယ်ထိုးနှက်ခဲ့ သည်။

(ယခုဆောင်းပါးကို ရေးသူ အပါအဝင်) Jaws ဇာတ်ကားကို ကြည့်ဖူးသူ အတော်များများမှာ ရေထဲဆင်းသည့်အခါ ဇာတ်ကား ထဲက ငါးမန်းဖြူကြီးကို မေ့ထားနိုင် ဖို့ အတော်ကြိုးစားကြရပါသည်။ တကယ်တော့ ရေထဲဆင်းလည်း စိုးရိမ်ပူပန်ရမည်က ငါးမန်းဖြူ များ မဟုတ်ပါ။ ရေနစ်သေမှာကို ကြောက်ရမည် ဖြစ်ပါသည်။ သုတေသနပြုလုပ်ချက်များအရ ငါးမန်းအကိုက်ခံရနှုန်းသည် လူ ပေါင်း ၁၁ ဒသမ ၅ သန်းတွင် တစ်ဦးသာရှိသည်။ ရေနစ်သေနိုင် သည့်နှုန်းက ငါးမန်းကိုက်ခံရနိုင် သည့်နှုန်းထက် သုံးဆပိုများပါ သည်။ မိုးကြိုးပစ်ခံရနိုင်သည့်နှုန်း ကတော့ အဆ ၃၀ ပိုများသည်ဟု ဆိုသည်။

သို့သော် လူအများစုက တော့ ကမ္ဘာပေါ်မှာ မျိုးတုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငါးမန်းဖြူများကိုသာ ပိုမိုကြောက် ရွံ့ကြပါသည်။

ကြောင်းကျိုးဆက်စပ်မှုမရှိ သည့် အကြောက်တရားကို နှိုးဆွ ပြီး နိုင်ငံရေးအမြတ်ထုတ်သည့် နမူနာကတော့ ဒေါ်နယ်ထရန့်နှင့် အမေရိကန်ပြည်ထောင်စုဖြစ်ပါ သည်။

အကြမ်းဖက်ဝါဒက အမေရိ ကန်နိုင်ငံကို ခြိမ်းခြောက်နေပြီဆို သည့် တပ်လှန့်သံက ဒေါ်နယ် ထရန့် မဟာဗျူဟာများထဲက တစ်ခုဖြစ်သည်။ မဲဆန္ဒရှင် ပြည် သူများ၏ ထက်ဝက်နီးနီးက သူ့ကို မဲပေးရွေးချယ်ခဲ့ကြပါသည်။

ကိန်းဂဏန်းများကို လေ့လာကြည့်ကြရအောင်ပါ။ အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံ စိတ်ချရမှု ကောင်စီ (National Safety Council)၏ အစီရင်ခံစာ အရ နှစ်စဉ်အမေရိကန်နိုင်ငံသား ၆,၀၀၀ ခန့်သည် အမြင့်မှ ပြုတ်ကျပြီး သေဆုံးကြသည်။ အမြင့်မှ ပြုတ်ကျပြီး သေဆုံးနိုင်သည့်နှုန်းသည် အကြမ်းဖက်သမားလက်ချက်ဖြင့် သေဆုံးနိုင်သည့်နှုန်းထက် အဆပေါင်း ၃၅၃ ဆ ပိုမြင့်သည်။

၂၀၁၃ ခုနှစ်အတွင်း မိမိ ကိုယ်တိုင် ရေချိုးဇလုံ (Bathtub) အတွင်း ရေနစ်သေသူ အမေရိ ကန်နိုင်ငံသား ၄၆၄ ဦးရှိပြီး အကြမ်းဖက်သမား လက်ချက် ကြောင့် သေဆုံးသူ ၁၇ ဦးသာရှိ ခဲ့သည်။ ချစ်သူ (သို့) ခင်ပွန်း ယောက်ျားများ သတ်၍သေကြရ သည့် အမျိုးသမီးများ၏ အရေအ တွက်က အီရတ်နှင့် အာဖဂန်နစ္စ တန်တွင် ကျဆုံးခဲ့ကြရသည့် အ မေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်း၏ နှစ်ဆနီးနီးရှိပါသည်။

သုတေသနပြုလုပ်ချက်များ ကို လေ့လာကြည့်လျှင် အကြမ်း ဖက်သမားလက်ချက်ကြောင့် သေဆုံးနိုင်သည့်နှုန်းထက် ကိုယ့်အန် ဖတ်ကိုယ်ဆို့ပြီး သေဆုံးနိုင်နှုန်း က ကိုးဆ၊ ကားတိုက်မှုမှာ သေ ဆုံးနိုင်သည့်နှုန်းက ၁,၀၄၈ ဆပို များသည်။

အံ့ဩစရာ အကောင်းဆုံး တွေ့ရှိချက်ကတော့ ရဲတစ် ယောက်ကြောင့် သေဆုံးနိုင်သည့်နှုန်းက အကြမ်းဖက်သမားတစ်ဦး ကြောင့် သေဆုံးနိုင်သည့်နှုန်းထက် ရှစ်ဆပိုများခြင်းဖြစ်ပါသည်။

ပြည်သူများ သတိထားကြရ ဖို့က အကြောက်တရားနိုင်ငံရေး (Politics of Fear) ဖြစ်ပါသည်။ နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် အကြောက်တရားကို အသုံးချ ခြင်းပါ။

‘အမိနိုင်ငံတော်ကြီး ပြိုကွဲ တော့မည်’၊ ‘တို့ဘာသာကို ခြိမ်း ခြောက်နေပြီ’၊ ‘တို့လူမျိုးကို ကာ ကွယ်ကြ’ဆိုသည့် ကြွေးကြော်သံ များကြားသည့်အခါ Jaws ဇာတ် ကားကိုကြည့်ပြီး ပင်လယ်ကမ်း ခြေမသွားရဲခဲ့ကြသူများကို သတိ ရသင့်ပါသည်။

အဆုံးသတ်အဖြစ် ပုံပြင် တစ်ပုဒ်ကို ပြောပါမည်။

တစ်ခါက အာဏာရှင်တစ် ဦး ကွယ်လွန်ခါနီးမှာ သူ့အရိုက် အရာကို ဆက်ခံနိုင်သည့် တပည့် နှစ်ဦးကို သူက ဆင့်ခေါ်သည်။ သူ့နေရာကို ဆက်ခံဖို့အတွက် စာ မေးပွဲစစ်မည်ဟု ဆိုသည်။‘‘မင်းတို့နှစ်ယောက် လှောင် အိမ်ထဲက ငှက်တစ်ကောင် ဒီလို လက်နဲ့ ၅ မိနစ်ကြာအောင် ဆုပ် ကိုင်ထားနိုင်ရမယ်၊ ငှက်လည်း မသေစေရဘူး။ ၅ မိနစ်ကြာ အောင် ကိုင်နိုင်တဲ့သူ ငါ့ရာထူးကို ရမယ်’’ အာဏာရှင်က ဆိုသည်။

တပည့် (၁)က ငှက်ကို လှောင်အိမ်က ထုတ်ယူသည်။ လွတ်သွားမှာကြောက်၍ တအား ဆုပ်ကိုင်ထားသည်။ အသက်ရှူ ကျပ်ပြီး ငှက်ကလေးသေသွား သည်။

တပည့် (၂)က ရှေ့ကလူကို သင်ခန်းစာယူသည်။ ငှက်ကလေး ကို ဖွဖွဆုပ်ကိုင်သည်။ ငှက်က အလွယ်တကူ ထွက်ပြေးလွတ် မြောက်သွားသည်။

အာဏာရှင်က ယမ်းပုံမီးကျ ဒေါသထွက်သည်။

‘‘အသုံးမကျတဲ့ကောင်တွေ၊ ဒီမှာကြည့် ငါလုပ်ပြမယ်’’

အာဏာရှင်က ငှက်ကလေး တစ်ကောင်ကို လှောင်အိမ်က ထုတ်လိုက်သည်။ ချက်ချင်းပဲ ငှက်မွေးတွေကို ဆွဲနှုတ်တော့ သည်။ အမွေးမရှိတော့သည့်ငှက် ကို သူ့လက်ဖဝါးပေါ်မှာ တင်ထား လိုက်သည်။ တဆတ်ဆတ်တုန် အောင် နာကျင်ပြီး ကြောက်ရွံ့နေ သည့် ငှက်ကလေးက ပျံလည်း မပျံနိုင်၊ ပျံလည်း မပျံရဲတော့ပါ။ အမွေးမရှိတော့၍ ချမ်းအေးနေ သည့် ငှက်ကလေးက လက်ဖဝါး ၏ အနွေးဓာတ်ကို ခံယူနေရ သည်။ အာဏာရှင်က လက်ချာ စပါတော့သည်။

‘‘မင်းတို့ အာဏာရှင်လုပ် မယ်ဆိုရင် ‘အကြောက်တရား’ ကို အသုံးချနိုင်ရမယ်။ လူတွေကို ကြောက်အောင်လုပ်၊ လူတွေက မင်းတို့ကို မှီခိုလာလိမ့်မယ်’’

ပုံပြင်က သည်မှာ အဆုံး သတ်ပါသည်။

ကျွန်တော်တို့ အမှန်တကယ် ကြောက်သင့်သည်က အကြောက်တရားဖြစ်ပါသည်။   ။