Tuesday, March 14, 2017

ပခုက္ကူတွင်ဆောင်းရာသီကုလားပဲ(၅)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ


ပခုက္ကူ     မတ်     ၁၁
ပခုက္ကူမြို့နယ်တွင် စိုက်ပျိုးရေးသုတေသန(DAR)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း ဆောင်ရွက်သည့် ဆောင်းရာသီ ကုလားပဲမျိုး(၅)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ၏ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေ ကွင်းသရုပ်ပြပွဲကို ပခုက္ကူမြို့နယ် ကုက္ကိုလှကျေးရွာအုပ်စု  ဆယ်ရွာ ကျေးရွာ ကွင်းအမှတ်(၃၄၈)ဦးပိုင်အမှတ်(၃၇၂)တောင်သူဦးသိန်းဝင်း၏ ကိုင်းကျွန်းမြေ(၁.၀၀)ဧက တွင် မတ် ၉ ရက်နေ့ နံနက်က ပြုလုပ်ခဲ့သည်။

ကွင်းသရုပ်ပြပွဲတွင် ခရိုင်ဦးစီးမှူး ဦးရန်နိုင်ဝင်းက ရောဂါဒဏ်ခံနိုင်သည့် ကုလားပဲ မျိုး ကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေးနှင့် ပတ်သက်၍ ရှင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ဆောင်ရွက်သည့်စမ်းသပ်ကွက်မှ ထွက်ရှိလာသောကုလားပဲ မျိုးကောင်း မျိုးသန့် များအနက် ဒေသနှင့်ကိုက်ညီပြီး ခံနိုင်ရည်ရှိသည့်မျိုးများ  ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များနှင့် ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းနည်းစနစ်များကို တက်ရောက်လာသူ အကျိုးဆောင်တောင်သူများအား ရှင်းလင်းဟောပြောကာ စိုက်နည်းစနစ်ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ  စမ်းသပ်ကွက်များကို ၂၀၁၆ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် စိုက်ပျိုးခဲ့ပြီး သက်တမ်း(၁၀၅)ရက်တွင် စံကွက်ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment