Wednesday, March 15, 2017

ကလေးပြုစုရေးဌာန၌ မီးဘေးအန္တရာယ် ပညာပေးပြသ


မကွေး     မတ်     ၁၁
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်မီးငြိမ်းသတ်နည်း လက်တွေ့သင်ကြားပြသ ခြင်းကို  ယမန်နေ့ နံနက် ၉ နာရီက ကလေးပြုစုရေးဌာန၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လူမှုဝန် ထမ်းရုံး၊ကလေးပြုစုရေးဌာနနှင့်မကွေးမူလတန်းကြိုကျောင်းများမှ ၀န်ထမ်း(၄၀)ဦးတို့ တက်ရောက် ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးမီးသတ်ဦးစီဌာန ဦးစီးအရာရှိက သဘာဝဘေး အန္တရာယ် ကျရောက်ပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ မီးဘေးကြိုတင်ကာကွယ် တားဆီး ရေးလုပ်ငန်းများတွင် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ဆီမီးလောင်ကျွမ်းခြင်းနှင့်အခြားလောင်စာမီးများ လောင်ကျွမ်းမှု ဖြစ်ပွားပါက မီးငြိမ်းသတ်နည်း သိရှိထားသင့်သည်များကို ပညာပေးဟောပြောခဲ့ပြီး ၀န်ထမ်များနှင့်အတူ မီးသတ်ဆေးဘူးများဖြင့် အရေးပေါ် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment