Saturday, March 11, 2017

မကွေးမြို့တွင် ဆေးတက္ကသိုလ်နှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂများ ပူးပေါင်း၍ ဆန္ဒဖေါ်ထုတ်









မကွေး     မတ်     ၁၁
ယနေ့နံနက် ၉ နာရီခွဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မကွေးမြို့ ဆေး တက္ကသိုလ်နှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂများ ပူးပေါင်း၍ အင်အား(၂၀)ခန့်က ပြည်တွင်းစစ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်းဘုတ်ကိုင်ဆောင်ကာ  မကွေးမြို့ ပေါ်တွင် ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။ 

တိုင်းရင်းသားဒေသများ၌ ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေခြင်းသည် ဒေသခံတိုင်းရင်းသားများ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ကျောင်းသားများတွင်ပါ ထိခိုက်မှုများရှိနေခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲအား ဦးဆောင်ခဲ့သည့် ကျောင်းသားများမှ ပြောသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment