Wednesday, February 22, 2017

ပြန်လည်ဖြေရှင်းချက်။ မြေလတ်​ဂျာနယ်​ တွဲ၂-မှတ်​၂၄ စာ ၂၂မှာ

မြေလတ်​ဂျာနယ်​ တွဲ၂-မှတ်​၂၄ စာ ၂၂မှာ
နီ​ဇော်​ အမည်​ဖြင့်​ ငြိမ်းချမ်း​ရေးလှုပ်​ရှားမှုများ ၂၁ရာစု ပင်​လုံညီလာခံ နှင့်​မ​ကွေး မှာ
'' မ​ကွေးမြို့​ပေါ်တွင်​​တော့ ယင်းကဲ့သို့ ငြိမ်းချမ်း​ရေးအတွက်​ လူထုချီတက်​ပွဲမျိုး မရှိခဲ့ပါ´´

ဟု ​ဖေါ်ပြထားပါသည်​ စာ​ရေးသူ ကမသိ၍လား အယ်​ဒီတာအဖွဲ့ ကမသိ၍လား သိုမဟုတ်​ အသိအမှတ်​မပြုသည်​ဘဲလား မစဉ်းစားတတ်​၍ ​အောက်​ပါသတင်းကို ပြန်​လည်​​ပေးပို့လိုက်​ပါသည်​။

၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ မကွေးလွတ်လပ်ရေးကျောက်တိုင် ပန်းခြံတွင် ကျင်းပ
မကွေး သြဂုတ် ၃၀
မကွေးမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံထောက်ခံကြိုဆိုပွဲကို ယနေ့နံနက် ၈ နာရီခွဲက စတင်ကျင်းပရာ လူထုချီတက်ပွဲစုရပ် များဖြစ်သည့် အမှတ်(၁)လမ်းကြောင်းမှ အင်းအား(၂၀၀)ခန့်ဖြင့် မြသလွန်ဘုရားကွင်းစုရပ်မှ မြို့မဈေး၊ ပြည်တော်သာလမ်း၊ ဗိုလ်ချုပ်လမ်း တို့မှ တဆင့်လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ လည်းကောင်း၊ အမှတ်(၂)လမ်းကြောင်းဖြစ်သည့် အေးစေတီ ဘုရားဝင်းအတွင်းစုရပ်မှ အင်အား(၂၅၀)ဦးခန့်ဖြင့် အထက(၁)လမ်း၊ လမ်းငါးသွယ်၊ ဗိုလ်ချုပ်လမ်းတို့မှ တဆင့် ဟောပြောပွဲပြုလုပ်မည့် လွတ်လပ်ရေးကျောက်တိုင်ကွင်းစုရပ်သို့ သွေးဝေလျှံအဖွဲ့၊ သွေးလိုတရအဖွဲ့များနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ နိုင်ငံရေး ပါတီများက (၂၁)ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံပါ၏ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည် လူထုချီတက် စုပေါင်းလမ်းလျှောက်ကြသည်။
ဆက်လက်၍ မကွေးမြို့ မြင်းစီးဗိုလ်ချုပ် ကြေးရုပ်နှင့် လွတ်လပ်ရေးကျောက်တိုင်စုရပ်တွင် ၉း၅၀ နာရီက ဟောပြောပွဲ ပြုလုပ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ထောက်ခံ ကြိုဆိုပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာ

သမဂ္ဂ ဦးနိုင်ယုဝေမှ ငြိမ်းချမ်းရေးကဗျာရွတ်ဆိုခဲ့သည်။
ထို့နောက် ၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်ဦးကိုကိုနိုင်မှ ပြည်ထောင်စုစိတ်ဓါတ်ကို ပြသသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း နှင့် ပတ်သက်၍ လည်းကောင်း၊ ၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် စာရေးဆရာမ ဒေါ်မြနှင်းသုန်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးခင်မောင်ကြင် (မောင်ကြင် သစ်ရာကောက်)မှ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန် အခွင့်အခါသစ် ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးကျောက်ဆိုင်ကျောက်ခဲလို ခိုင်မြဲအောင် ပြုလုပ်ရန်တို့ကို ဟောပြောခဲ့ကြပြီး မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင် ဦးစိုးမိုးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ထောက်ခံကြိုဆိုပွဲသို့ ပါဝင်ကြသည့် ပြည်သူများအား ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။ဟုသန်းနိုင်ဦး(ငဖဲ)က မြန်​မာ့အလင်း သတင်းစာတွင်​လည်း​ကောင်း ​ဇေယျတု က ရတနာပုံ သတင်းစာ တွင်​လည်း​ကောင်း မ​ကွေးဂျာနယ်​တို့တွင်​လည်း စီတန်းလမ်း​လျှောက်​ ​ဟော​ပြောပွဲသတင်း ​ရေးပို့​ဖေါ်ပြထားသည်​ကို​တွေ့နိုင်​ပါသည်။

  ပြန်လည်ဖြေရှင်းချက်။

မြေလတ်​ဂျာနယ်​ တွဲ၂-မှတ်​၂၄ စာ ၂၂မှာ
နီ​ဇော်​ အမည်​ဖြင့်​ ငြိမ်းချမ်း​ရေးလှုပ်​ရှားမှုများ ၂၁ရာစု ပင်​လုံညီလာခံ နှင့်​မ​ကွေး မှာ
'' မ​ကွေးမြို့​ပေါ်တွင်​​တော့ ယင်းကဲ့သို့ ငြိမ်းချမ်း​ရေးအတွက်​ လူထုချီတက်​ပွဲမျိုး မရှိခဲ့ပါ´´

ဟု ​ဖေါ်ပြထားပါသည်​ စာ​ရေးသူ ကမသိ၍လား အယ်​ဒီတာအဖွဲ့ ကမသိ၍လား သိုမဟုတ်​ အသိအမှတ်​မပြုသည်​ဘဲလား မစဉ်းစားတတ်​၍ ​ မေးခွန်းကို ဖြေရလျင်

ဒီဆောင်းပါးကို  ၂၀၁၇ ခုနှစ် မှစပြီး အချက်အလက်များကိုသာ ဖော်ပြရေးသားခြင်းဖြစ်ပါကြောင်း ။ သမိုင်းမှတ်တမ်း မဟုတ်ပါကြောင်း။  ပစ္စုပန် လတ်တစ်လော ထူးခြားသတင်းဆောင်းပါးဖြစ်ပါသည်။

စာရေးသူ နီဇော် နှင့် အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်

0 comments:

Post a Comment