Tuesday, February 14, 2017

စေတုတ္တရာမြို့နယ် ကျေးလက်ရုံးသစ်ဖွင့်ပွဲကျင်းပ


စေတုတ္တရာ     ဖေဖော်ဝါရီ    ၁၄
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအဆောက်အဦးသစ်ဖွင့်ပွဲအခမ်း အနားအား ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းတွင်းအဆိုပါရုံးသစ်အဆောက်အဦရှေ့တွင်ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ရုံးအဆောက်အဦးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုအား မကွေးတိုင်းဒေသကြီး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါ်ညိုညိုဦး၊နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးအဆောက်အဦးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါရုံးအဆောက်အဦသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးများနှင့် ၀န်ထမ်းများ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊မြို့မိ/မြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး၊ရုံးအဆောက်အဦသစ်အား ခွင့်ပြုငွေကျပ် (၈၇. ၃၁၉၄၅)သန်းဖြင့် အလျား(၆၄)ပေ၊ အနံ(၆၄)ပေ၊ အမြင့်(၁၂)ပေရှိ RC တစ်ထပ် အဆောက်အဦဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment