Sunday, February 19, 2017

ပွင့်ဖြူမြို့တွင် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ဆုပေးပွဲများကျင်းပ


ပွင့်ဖြူ      ဖေဖော်ဝါရီ     ၁၂
၂၀၁၇-ခုနှစ်၊နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားအား ပွင့်ဖြူမြို့နယ် အားကစားကွင်းတွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၈)နာရီကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သဘာပတိအဖွဲ့နေရာယူပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ ဖတ်ကြားပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ထက်/လယ်/မှု ကျောင်းသား/ကျောင်းသူများ နှင့် အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ဆက်လက်၍ ပြည်ထောင်စု နေ့အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများမှ ပြည်ထောင်စုနေ့အထိမ်းအမှတ် လွန်ဆွဲပွဲကို တစ်ပျော်တစ်ပါး ပါဝင်ကစားခဲ့ကြကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment