Tuesday, February 14, 2017

သီရိမင်္ဂလာ မိမိပုံ တံတား ဖွင့်ပွဲ ကျင်းပ


မြို့သစ် ဖေဖေါ်ဝါရီ( ၁၁ )
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်
မြို့လုလင်ကျေးရွာ အုပ်စု ၊ စစ်တောကျေးရွာနေ
ဒေသခံပြည်သူများသွားလာရေးအစဉ်ပြေစေရန်
ရည်ရွယ်၍ "သီရိမင်္ဂလာမိမိပုံတံတား" ဖွင့်ပွဲ
အခမ်းအနားကို(၂၀၁၇ခုနှစ်ဖေဖေါ်ဝါရီလ(၁၁)
ရက်နေ့နံနက်(၉း၀၀)နာရီကအဆိုပါတံတား၌
ကျင်းပ သည် ။
အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး
သင်္ဃန်းကျွန်းမြို့နယ်ဝဇီရာသဘကျောင်းတိုက်
ဆရာတော် ဦးပညာသီရိ မှ သြဝါဒစကားမိန့်
ကြားပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညို မှအဖွင့်အမှာစကား
ပြောကြားခဲ့သည် ။
ဆက်လက်၍တံတားအလှူရှင်ရန်ကုန်တိုင်း
ဒေသကြီးဒေါပုံမြို့နယ်နေ ဒေါ်အေးအေးစမ်း မှ
တံတားဆောက်လုပ်လှူဒါန်းရခြင်းနှင့်အောင်
မြင်စွာပြီးမြောက်၍ဝမ်းသာပီတိဖြစ်ရပါကြောင်း
ပြောကြားပြီး ဒေသခံပြည်သူ ဦးမြင့်ကြိုင် မှ
ချောင်းကူးတံတားဆောက်လုပ်ပေးခြင်းနှင့်ပတ်
သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ဆရာတော် ဦးပညာသီရိ၊တိုင်း
ဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို။
တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌဦးဇော်မျိုးဝင်း၊
မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသာအောင် ။ မြို့နယ်အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဦးချစ်ထွေး ။ တံတားအလှူရှင်
ဒေါ်အေးအေးစမ်း တို့မှ တံတားအားဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ပြီး နောက် တိုင်းဒေသကြီး
ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး
ဝန်ကြီး ဦးတင်နွယ်ဦး မှ တံတားမော်ကွန်း
အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ သည်။
စစ်တောကျေးရွာနှင့်ချောင်းရိုးကျေးရွာ
ကြားရှိ သီရိမင်္ဂလာ မိမိပုံ ချောင်းကူးတံတား
အရှည်ပေ ( ၁၆၀ )ပေ၊ သံကူကွန်ကရစ်အမျိုး
အစားကာလတန်ဖိုး ( ၅၂၈/-)သိန်း ၊ဖွင့်ပွဲ
အခမ်းအနားသို့မကွေးတိုင်း ဝန်ကြီးချုပ်
ဒေါက်တာ အောင်မိုးညို ၊ တိုင်းဒေသကြီး
ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး
ဝန်ကြီးဦးတင်နွယ် ၊ တိုင်းဒေသကြီးလွှတ်တော်
ဒု-ဥက္ကဌ ဦးဇော်မျိုးဝင်း နှင့် အဖွဲ့ဝင်( ၁၁ )ဦး
မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသာအောင် ၊ မြို့နယ်အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးချစ်ထွေး ၊ တိုင်းဒေသကြီး(၁)
လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ ၊ မြို့နယ်ရဲမှူး ရဲမှူး ဇော်မိုးလွင် ၊ ဌာနဆိုင်ရာများ
မြို့လုလင်အုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းမောင်နှင့်
အဖွဲ့ဝင်များ ၊ မြို့နယ်အမျိုးသားဒီမိုကရေစီပါတီ
ဝင်များ ၊ ကျောင်းသား/ကျောင်းသူများ။ဒေသခံ
ပြည်သူများစုစုပေါင်းအင်အား ( ၃၅၀ )ဦးခန့်
တက်ရောက်ကြောင်းသတင်းရရှိသည် ။
-----------------------------------------------
သန်းဝင်းထွန်း( မြို့သစ် )
---------------------------------------------

0 comments:

Post a Comment