Monday, February 13, 2017

ကျေးရွာသုံးစိုက်ခင်းမှ ထွက်ရှိသော သစ်တောထွက်ပစ္စည်များအား ဒေသခံပြည်သူများထံ လွှဲပြောင်းပေးအပ်


ပွင့်ဖြူ      ဖေဖော်ဝါရီ       ၁၁
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် အပူပိုင်ဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၀၈-ခုနှစ် မိုးရာသီတွင် တည်ထောင် စိုက်ပျိုးခဲ့သော (၅)နှစ်သားအထက် (၁/၂၀၀၈)ကျေးရွာသုံး စိုက်ခင်း(၃၂၅)ဧကမှ ထွက်ရှိသော တိုင်(၇၀၁)လုံး၊ထင်း (၁၁)တန်တို့အား ချောင်းဆုံ(မ)ကျေးရွာနေ ဒေသခံပြည်သူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်(၁၀) နာရီက ချောင်းဆုံ(မ)ကျေးရွာအနီး မြောင်းဦးကြိုးပြင်အပတောအတွင်းရှိ အဆိုပါစိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။

ကျေးရွာသုံးစိုက်ခင်းထွက်ပစ္စည်းများပေးအပ်ပွဲတွင် ရှေးဦးစွာ မင်းဘူးခရိုင်အပူပိုင်းဒေသ စိမ်းလန်စိုပြည်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဟန်မှ ကျေးရွာသုံးစိုက်ခင်းများ ဆောင်ရွက်ပေးရခြင်း၊သဘာဝသစ်တောများ ပျက်စီးခြင်းမှ ကာကွယ်ရန် အထောက်အကူပြုဆောင်ရွက်ပေးရခြင်းနှင့် ကျန်ရှိကျေးရွာသုံးစိုက်ခင်းအား ဆက်လက် ထိန်းသိမ်းကာကွယ်ရေးကိုရှင်းလင်းပြောကြားပြီး၊ပွင့်ဖြူမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးမှ သဘာဝသစ်တောများ ထိန်းသိမ်းကာကွယ်ရေးကို ဟောပြောခဲ့သည်။ထို့နောက် မြို့နယ်အပူပိုင်းဒေသစိမ်းလန်စိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းနိုင်မှ ကျေးရွာသုံးစိုက်ခင်းများ တည်ထောင်ပေးရခြင်းနှင့် ကျေးလက်နေပြည်သူများအိမ်သုံး သစ်တိုင်များ၊ ထင်းများ ပြန်လည်ရရှိပြီး ကျန်ရှိ ငုတ်တက်များအား ဆက်လက်ပြုစုပျိုးထောင်သွားရေးကို ရှင်းလင်းဟောပြောပြီး ဒေသခံပြည်သူများအာ သစ်ပင်ငုတ်တက်များဆက်လက်ရှင်သန်အောင် ခုတ်လှဲနည်းများကို လက်တွေ့ပြသ ရှင်းလင်းကာ တိုင်များနှင့် ထင်းများအား ဒေသခံပြည်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment