This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 26, 2017

မြေလတ်ဂျာနယ်၊ ၂၀၁၇၊ မတ်လ(၁ - ၁၅)ရက်၊ အတွဲ(၃) အမှတ်(၁)၊ ဂျာနယ်ကို ဖေဖော်ဝါရီ ၂၈ ရက်၊ အင်္ဂါနေ့ ဖြန့်ချိပါမည်။





          အတွဲ-၃၊ အမှတ်-၁  မှစ၍ မကွေးတိုင်းဒေသကြီးအပြင် ရန်ကုန်(အောက်မြန်မာပြည်) ၊မန္တလေး(အထက်မြန်မာပြည်) မြို့များသို့ ဖြန့်ချိလိုက်ပါပြီ….။


အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။


သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /


အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇

Wednesday, February 22, 2017

ပြန်လည်ဖြေရှင်းချက်။ မြေလတ်​ဂျာနယ်​ တွဲ၂-မှတ်​၂၄ စာ ၂၂မှာ

မြေလတ်​ဂျာနယ်​ တွဲ၂-မှတ်​၂၄ စာ ၂၂မှာ
နီ​ဇော်​ အမည်​ဖြင့်​ ငြိမ်းချမ်း​ရေးလှုပ်​ရှားမှုများ ၂၁ရာစု ပင်​လုံညီလာခံ နှင့်​မ​ကွေး မှာ
'' မ​ကွေးမြို့​ပေါ်တွင်​​တော့ ယင်းကဲ့သို့ ငြိမ်းချမ်း​ရေးအတွက်​ လူထုချီတက်​ပွဲမျိုး မရှိခဲ့ပါ´´

ဟု ​ဖေါ်ပြထားပါသည်​ စာ​ရေးသူ ကမသိ၍လား အယ်​ဒီတာအဖွဲ့ ကမသိ၍လား သိုမဟုတ်​ အသိအမှတ်​မပြုသည်​ဘဲလား မစဉ်းစားတတ်​၍ ​အောက်​ပါသတင်းကို ပြန်​လည်​​ပေးပို့လိုက်​ပါသည်​။

၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ မကွေးလွတ်လပ်ရေးကျောက်တိုင် ပန်းခြံတွင် ကျင်းပ
မကွေး သြဂုတ် ၃၀
မကွေးမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံထောက်ခံကြိုဆိုပွဲကို ယနေ့နံနက် ၈ နာရီခွဲက စတင်ကျင်းပရာ လူထုချီတက်ပွဲစုရပ် များဖြစ်သည့် အမှတ်(၁)လမ်းကြောင်းမှ အင်းအား(၂၀၀)ခန့်ဖြင့် မြသလွန်ဘုရားကွင်းစုရပ်မှ မြို့မဈေး၊ ပြည်တော်သာလမ်း၊ ဗိုလ်ချုပ်လမ်း တို့မှ တဆင့်လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ လည်းကောင်း၊ အမှတ်(၂)လမ်းကြောင်းဖြစ်သည့် အေးစေတီ ဘုရားဝင်းအတွင်းစုရပ်မှ အင်အား(၂၅၀)ဦးခန့်ဖြင့် အထက(၁)လမ်း၊ လမ်းငါးသွယ်၊ ဗိုလ်ချုပ်လမ်းတို့မှ တဆင့် ဟောပြောပွဲပြုလုပ်မည့် လွတ်လပ်ရေးကျောက်တိုင်ကွင်းစုရပ်သို့ သွေးဝေလျှံအဖွဲ့၊ သွေးလိုတရအဖွဲ့များနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ နိုင်ငံရေး ပါတီများက (၂၁)ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံပါ၏ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည် လူထုချီတက် စုပေါင်းလမ်းလျှောက်ကြသည်။
ဆက်လက်၍ မကွေးမြို့ မြင်းစီးဗိုလ်ချုပ် ကြေးရုပ်နှင့် လွတ်လပ်ရေးကျောက်တိုင်စုရပ်တွင် ၉း၅၀ နာရီက ဟောပြောပွဲ ပြုလုပ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ထောက်ခံ ကြိုဆိုပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာ

သမဂ္ဂ ဦးနိုင်ယုဝေမှ ငြိမ်းချမ်းရေးကဗျာရွတ်ဆိုခဲ့သည်။
ထို့နောက် ၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်ဦးကိုကိုနိုင်မှ ပြည်ထောင်စုစိတ်ဓါတ်ကို ပြသသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း နှင့် ပတ်သက်၍ လည်းကောင်း၊ ၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် စာရေးဆရာမ ဒေါ်မြနှင်းသုန်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးခင်မောင်ကြင် (မောင်ကြင် သစ်ရာကောက်)မှ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန် အခွင့်အခါသစ် ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးကျောက်ဆိုင်ကျောက်ခဲလို ခိုင်မြဲအောင် ပြုလုပ်ရန်တို့ကို ဟောပြောခဲ့ကြပြီး မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင် ဦးစိုးမိုးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ထောက်ခံကြိုဆိုပွဲသို့ ပါဝင်ကြသည့် ပြည်သူများအား ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။ဟုသန်းနိုင်ဦး(ငဖဲ)က မြန်​မာ့အလင်း သတင်းစာတွင်​လည်း​ကောင်း ​ဇေယျတု က ရတနာပုံ သတင်းစာ တွင်​လည်း​ကောင်း မ​ကွေးဂျာနယ်​တို့တွင်​လည်း စီတန်းလမ်း​လျှောက်​ ​ဟော​ပြောပွဲသတင်း ​ရေးပို့​ဖေါ်ပြထားသည်​ကို​တွေ့နိုင်​ပါသည်။

  ပြန်လည်ဖြေရှင်းချက်။

မြေလတ်​ဂျာနယ်​ တွဲ၂-မှတ်​၂၄ စာ ၂၂မှာ
နီ​ဇော်​ အမည်​ဖြင့်​ ငြိမ်းချမ်း​ရေးလှုပ်​ရှားမှုများ ၂၁ရာစု ပင်​လုံညီလာခံ နှင့်​မ​ကွေး မှာ
'' မ​ကွေးမြို့​ပေါ်တွင်​​တော့ ယင်းကဲ့သို့ ငြိမ်းချမ်း​ရေးအတွက်​ လူထုချီတက်​ပွဲမျိုး မရှိခဲ့ပါ´´

ဟု ​ဖေါ်ပြထားပါသည်​ စာ​ရေးသူ ကမသိ၍လား အယ်​ဒီတာအဖွဲ့ ကမသိ၍လား သိုမဟုတ်​ အသိအမှတ်​မပြုသည်​ဘဲလား မစဉ်းစားတတ်​၍ ​ မေးခွန်းကို ဖြေရလျင်

ဒီဆောင်းပါးကို  ၂၀၁၇ ခုနှစ် မှစပြီး အချက်အလက်များကိုသာ ဖော်ပြရေးသားခြင်းဖြစ်ပါကြောင်း ။ သမိုင်းမှတ်တမ်း မဟုတ်ပါကြောင်း။  ပစ္စုပန် လတ်တစ်လော ထူးခြားသတင်းဆောင်းပါးဖြစ်ပါသည်။

စာရေးသူ နီဇော် နှင့် အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်

စာကြည့်တိုက်ဖွင့်ပွဲ  ပညာရည်ချွန်ဆုပေးပွဲ နှင့် စာပေးဟောပြောပွ

တိုက်ဖွင့်ပွဲ  ပညာရည်ချွန်ဆုပေးပွဲ နှင့် စာပေးဟောပြောပွဲ
များကျင်းပဆောင်ရွက်ခဲ့ပါသည်။ကျောင်စာကြည့်တိုက်ဖွင့်ပွဲ
ကို တောင်တွင်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်
ဦးမင်းသိန်း  တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်
ဦးဇော်မင်းထွန်း  ကျေးလက်စီမံကိန်းဌာနမှမြို့နယ်ဦးစီးမှု
ဦးမင်းမင်း ပြန်ကြားရေးနှင်ပြည်သူဆက်ဆံရေးဦးစီးးဌာန
မှဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ အုပ်စုတွင်းမှ
ပညာရေးဝန်ထမ်းဆရာ ဆရာမများ နှင့် ကျေးရွာရှိစာပေချစ်
သူများစုပေါင်းတက်ရောက်၍ဖွင့်ပွဲအခမ်းအနားကိုနံနက်
၉နာရီတွင်ကျင်းပခဲ့ပြီး နေ့လည်၁၂နာရီတွင်ဘက်စုံထူးချွန်
သောကျောင်းသားကျောင်းသူများကိုဆုနှင်းသဘင်အခမ်းအ
နားဖြင့်ဆုချီးမြှင့်ခဲ့ပြီး  ည ၇နာရီ၃၀မိနစ်၌ စာပေဟောပြော
ပွဲ ကျင်းပခဲ့ပါသည်။ စာရေးဆရာများမှာ  နေအောင်နိုင်
မောင်ကြင် (သစ်ရာကောက်) နှင့် တင်လင်းဇော် တို့ဖြစ်ပါ
သည်။ နေ့ရက် (4.2.2017) စနေနေ့ဖြစ်ပြီး နေရာမှာ
အခြေခံပညာအလယ်တန်းကျောင်းခွဲ ပျားတုကျေးရွာ တောင်
တွင်းကြီးမြို့နယ် မကွေးတိုင်းဒေသကြီး ဖြစ်ပါသည်
လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ဆရာကြီး
မှာ ဦးရဲငွေ ဖြစ်ကြောင်းသိရပါသည်။
            ပေးပို့သူ  နေအေးချို

Sunday, February 19, 2017

ပွင့်ဖြူမြို့တွင် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ဆုပေးပွဲများကျင်းပ


ပွင့်ဖြူ      ဖေဖော်ဝါရီ     ၁၂
၂၀၁၇-ခုနှစ်၊နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားအား ပွင့်ဖြူမြို့နယ် အားကစားကွင်းတွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၈)နာရီကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သဘာပတိအဖွဲ့နေရာယူပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ ဖတ်ကြားပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ထက်/လယ်/မှု ကျောင်းသား/ကျောင်းသူများ နှင့် အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ဆက်လက်၍ ပြည်ထောင်စု နေ့အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများမှ ပြည်ထောင်စုနေ့အထိမ်းအမှတ် လွန်ဆွဲပွဲကို တစ်ပျော်တစ်ပါး ပါဝင်ကစားခဲ့ကြကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ပွဲနှင့်အလေးပြုအခမ်းအနားကျင်းပ


မြို့သစ် ဖေဖေါ်ဝါရီ(၁၂)
-------------------------------
နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ နိုင်ငံတော်သမ္မတဦးထင်ကျော်ထံမှပေးပို့သောသဝဏ်လွှာဖတ်ပွဲနှင့်အလေးပြုအခမ်းအနားကို
မြို့သစ်မြို့လွတ်လပ်ရေးပန်းခြံဝန်းအတွင်း ၌
ယနေ့နံနက်(၇)နာရီကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့မရဲစခန်းမှဒုရဲအုပ်
ညွန့်ဝင်း နှင့် တပ်ဖွဲ့ဝင်(၄)ဦးတို့မှနိုင်ငံတော်
အလံအားလွှင့်ထူခဲ့ပြီးတက်ရောက်လာသူများ
မှနိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောအာဇာ
နီခေါင်းဆောင်ကြီးများအားအလေးပြုခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟိန်းသူဝင်း မှနိုင်ငံတော်သမ္မတဦးထင်ကျော်
ထံမှပေးပို့သောနှစ်(၇၀)ပြည့်ပြည်ထောင်စုနေ့သဝဏ်လွှာအားဖတ်ကြား ပြီး ပြည်ထောင်စုနေ့
အကြို ကြက်တောင်ရိုက်ပြိုင်ပွဲတွင်ဆုရရှိသူများ
အားမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စား
လှယ်ဦးချစ်ထွေး / မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟိန်းသူဝင်း တို့မှဆုများ အသီးသီးပေးအပ်ခဲ့
သည် ။
အခမ်းအနားသို့ မြို့နယ်အမျိုးသားလွှတ်
တော်ကိုယ်စားလှယ်ဦးချစ်ထွေး/တိုင်းဒေသကြီး
(၁)လွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေ/
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း/မြို့နယ်
ရဲမှူး ရဲမှူးဇော်မိုးလွင် /ဌာနဆိုင်ရာအကြီးအကဲ
နှင့်ဝန်ထမ်းများ/အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဝင်များ/အမျိုးသမီးရေးရာအဖွဲ့ဝင်များ/
မြို့ပေါ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့်
ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၇၀)ဦး
ခန့်တက်ရောက်ကြောင်း သတင်းရရှိသည် ။
------------------------------------------------
သန်းဝင်းထွန်း<>---{ မြို့သစ်}---<>

မြို့သစ် ၌ ထမနဲထိုးပွဲ ကျင်းပ


-----------------------------
မြို့သစ် ဖေဖေါ်ဝါရီ(၁၄)
-----------------------------
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဦးစီးကျင်းပ
သောတပို့တွဲလထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေ
(၄း၁၀)နာရီက မြို့မအားကစားဝင်းအတွင်း ၌
ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင်လယ်ယာစီးပွါးရေးနှင့်စာရင်း
အင်းဦးစီးဌာန။မင်းရပ်ကွက်။စည်ပင်သာယာရေးဦးစီးဌာန။ကွက်သစ်ရပ်ကွက်။အထွေထွေအုပ်
ချုပ်ရေးဦးစီးဌာန။ဘုရားကြီးရပ်ကွက်။မြန်မာနိုင်ငံရဲတပ်ဖွဲ့။လယ်ပြင်ရပ်ကွက်။ကျန်းမာရေး ဌာန
အဖွဲ့တို့မှအဖွဲ့--{ ၉ }--ဖွဲ့ယှဉ်ပြိုင်ခဲ့ရာ ပထမဆုရရှိသောအထွေထွေအုပ်ချုပ်ရေးဦးစီး
ဌာနအဖွဲ့။ဒုတိယဆုရရှိသောလယ်ပြင်ရပ်ကွက်နှင့်နှစ်သိမ့်ဆုရရှိကြသော အဖွဲ့တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း/မြို့နယ်ရဲမှူးဇော်မိုးလွင်အမျိုးသမီးရေးရာအဖွဲ့
ဥက္ကဌဒေါ်ဇာဇာချစ်တို့မှဆုများအသီးသီးပေး
အပ်ခဲ့ကြောင်း သတင်းရရှိသည် ။ ။ ။
-----------*---------*-----------*----------
သန်းဝင်းထွန်း '{ မြို့သစ် '}

Tuesday, February 14, 2017

မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဖေဖော်ဝါရီလ(၁၆ - ၂၈)ရက်၊ အတွဲ(၂) အမှတ်(၂၄)၊  ဂျာနယ်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဖြန့်ချိပါမည်။


မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဖေဖော်ဝါရီလ(၁၆ - ၂၈)ရက်၊ အတွဲ(၂) အမှတ်(၂၄)၊  ဂျာနယ်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဖြန့်ချိပါမည်။

  
အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇ သတင်းစာ http://www.myaylatmedia.com/

မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဖေဖော်ဝါရီလ(၁၆ - ၂၈)ရက်၊ အတွဲ(၂) အမှတ်(၂၄)၊  ဂျာနယ်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဖြန့်ချိပါမည်။

မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဖေဖော်ဝါရီလ(၁၆ - ၂၈)ရက်၊ အတွဲ(၂) အမှတ်(၂၄)၊  ဂျာနယ်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဖြန့်ချိပါမည်။

  
အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇

စေတုတ္တရာမြို့နယ် ကျေးလက်ရုံးသစ်ဖွင့်ပွဲကျင်းပ


စေတုတ္တရာ     ဖေဖော်ဝါရီ    ၁၄
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအဆောက်အဦးသစ်ဖွင့်ပွဲအခမ်း အနားအား ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းတွင်းအဆိုပါရုံးသစ်အဆောက်အဦရှေ့တွင်ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ရုံးအဆောက်အဦးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုအား မကွေးတိုင်းဒေသကြီး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါ်ညိုညိုဦး၊နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးအဆောက်အဦးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါရုံးအဆောက်အဦသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးများနှင့် ၀န်ထမ်းများ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊မြို့မိ/မြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး၊ရုံးအဆောက်အဦသစ်အား ခွင့်ပြုငွေကျပ် (၈၇. ၃၁၉၄၅)သန်းဖြင့် အလျား(၆၄)ပေ၊ အနံ(၆၄)ပေ၊ အမြင့်(၁၂)ပေရှိ RC တစ်ထပ် အဆောက်အဦဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

သီရိမင်္ဂလာ မိမိပုံ တံတား ဖွင့်ပွဲ ကျင်းပ


မြို့သစ် ဖေဖေါ်ဝါရီ( ၁၁ )
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်
မြို့လုလင်ကျေးရွာ အုပ်စု ၊ စစ်တောကျေးရွာနေ
ဒေသခံပြည်သူများသွားလာရေးအစဉ်ပြေစေရန်
ရည်ရွယ်၍ "သီရိမင်္ဂလာမိမိပုံတံတား" ဖွင့်ပွဲ
အခမ်းအနားကို(၂၀၁၇ခုနှစ်ဖေဖေါ်ဝါရီလ(၁၁)
ရက်နေ့နံနက်(၉း၀၀)နာရီကအဆိုပါတံတား၌
ကျင်းပ သည် ။
အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး
သင်္ဃန်းကျွန်းမြို့နယ်ဝဇီရာသဘကျောင်းတိုက်
ဆရာတော် ဦးပညာသီရိ မှ သြဝါဒစကားမိန့်
ကြားပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညို မှအဖွင့်အမှာစကား
ပြောကြားခဲ့သည် ။
ဆက်လက်၍တံတားအလှူရှင်ရန်ကုန်တိုင်း
ဒေသကြီးဒေါပုံမြို့နယ်နေ ဒေါ်အေးအေးစမ်း မှ
တံတားဆောက်လုပ်လှူဒါန်းရခြင်းနှင့်အောင်
မြင်စွာပြီးမြောက်၍ဝမ်းသာပီတိဖြစ်ရပါကြောင်း
ပြောကြားပြီး ဒေသခံပြည်သူ ဦးမြင့်ကြိုင် မှ
ချောင်းကူးတံတားဆောက်လုပ်ပေးခြင်းနှင့်ပတ်
သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ဆရာတော် ဦးပညာသီရိ၊တိုင်း
ဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို။
တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌဦးဇော်မျိုးဝင်း၊
မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသာအောင် ။ မြို့နယ်အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဦးချစ်ထွေး ။ တံတားအလှူရှင်
ဒေါ်အေးအေးစမ်း တို့မှ တံတားအားဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ပြီး နောက် တိုင်းဒေသကြီး
ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး
ဝန်ကြီး ဦးတင်နွယ်ဦး မှ တံတားမော်ကွန်း
အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ သည်။
စစ်တောကျေးရွာနှင့်ချောင်းရိုးကျေးရွာ
ကြားရှိ သီရိမင်္ဂလာ မိမိပုံ ချောင်းကူးတံတား
အရှည်ပေ ( ၁၆၀ )ပေ၊ သံကူကွန်ကရစ်အမျိုး
အစားကာလတန်ဖိုး ( ၅၂၈/-)သိန်း ၊ဖွင့်ပွဲ
အခမ်းအနားသို့မကွေးတိုင်း ဝန်ကြီးချုပ်
ဒေါက်တာ အောင်မိုးညို ၊ တိုင်းဒေသကြီး
ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး
ဝန်ကြီးဦးတင်နွယ် ၊ တိုင်းဒေသကြီးလွှတ်တော်
ဒု-ဥက္ကဌ ဦးဇော်မျိုးဝင်း နှင့် အဖွဲ့ဝင်( ၁၁ )ဦး
မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသာအောင် ၊ မြို့နယ်အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးချစ်ထွေး ၊ တိုင်းဒေသကြီး(၁)
လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ ၊ မြို့နယ်ရဲမှူး ရဲမှူး ဇော်မိုးလွင် ၊ ဌာနဆိုင်ရာများ
မြို့လုလင်အုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းမောင်နှင့်
အဖွဲ့ဝင်များ ၊ မြို့နယ်အမျိုးသားဒီမိုကရေစီပါတီ
ဝင်များ ၊ ကျောင်းသား/ကျောင်းသူများ။ဒေသခံ
ပြည်သူများစုစုပေါင်းအင်အား ( ၃၅၀ )ဦးခန့်
တက်ရောက်ကြောင်းသတင်းရရှိသည် ။
-----------------------------------------------
သန်းဝင်းထွန်း( မြို့သစ် )
---------------------------------------------