Saturday, January 28, 2017

လူ(၉၀၀)နီးပါး မှီခိုလုပ်ကိုင်နေသည့် စိန်ခြည်လင်းကုမ္ပဏီကိုပြင်းထန် ပုဒ်မဖြင့်တရားစွဲဆိုမှုအား ပြည်ထောင်စုတရားရုံးချုပ်သို့ ဥပဒေပြင်ဆင်ချက်လျှောက်ထားခဲ့သည်ဟုဆို*



           ပြည်ထောင်စုအစိုးရသတ္တုတွင်းဝန်ကြီးဌာန၏
  ခွင့်ပြုမိန့်ဖြင့်မင်းဘူးမြို့နယ်ပုသိမ်-မုံရွာကားလမ်း၏ အနောက်ဖက်
  မင်းဘူး-ရွှေစက်တော်သွားလမ်း၏တောင်ဘက်တွင်အနယ်နယ်အရပ်ရပ်မှ
  လူဦးရေ(၉၀၀)ခန့်လောက် လာရောက်မှီခို
  လုပ်ကိုင်ခဲ့သော ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီများထဲမှစိန်ခြည်လင်း
  ကျောက်မီးသွေးကုမ္ပဏီမှာ စီမံခန့်ခွဲမှု လွဲချော်ခဲ့
  သောကြောင့်ကုမ္ပဏီပိုင်ရှင်ကိုပြင်းထန်သော သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)(၅) အရ
နယ်မြေခံရဲတပ်ဖွဲ့မှ တရားစွဲ ဆိုခဲ့ခြင်း ကြောင့်နေပြည်တော်တရားရုံးချုပ်သို့
  ဥပဒေပြင်ဆင်ချက်လျှောက်ထားခဲ့ကြောင်း စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင်၏ ဇနီးဖြစ်သူ
  ဒေါ်သန်းသန်းဌေး နှင့် ရှေ့နေ ဦးရောဘတ်စန်းအောင် က ဇန်န၀ါရီလ ၁၈ရက်နေ့တွင်
  မီဒီယာများ၏မေးမြန်းချက်ကို ပြောကြားသည်။

‘’ကျွန်မတို့ကုမ္ပဏီက လူအများစု
စားဝတ်နေရေးအတွက်အလုပ်ပေးထားတာပါလူတွေကများတော့လွဲမှားတဲ့ညွှန်ကြား
မှုမျိုးရှိကောင်းရှိခဲ့နိုင်ပါတယ်အဲ့ဒါဆိုရင်လည်းသတ္တုတွင်းဥပဒေပုဒ်မ ၂၈အရ
အရေးယူရင်လည်းယူလို့ရပါတယ်
နိုင်ငံတော်စီမှာ လည်း
အပေါင်ငွေများစွာတင်ထားတာလည်းရှိပါတယ်ဒါကိုဥပဒေအရသိမ်းတယ်ဆိုရင်လည်းလက်ခံလို့ရပါတယ်
အခုဟာကကျွန်မယောကျာင်္းကိုသတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)( ၅)အရ တရားစွဲတယ်
အဲဒီပုဒ်မကထောင်(၁၀)နှစ်လောက်ကျ
နိုင်တဲ့ ပုဒ်မပါ
ကျွန်မတို့ကုမ္ပဏီကိုစီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်းလုပ်လို
အများကြီးရပါတယ် အခုအချုပ်ကျတာ
(၆)လကျော်ပြီး အလုပ်သမားတွေလည်း (၂၀၀) လောက်ပဲရှိတော့တယ်
လာမလုပ်ရဲကြတော့ဘူး‘’ဟု မသန်းသန်းဌေး မှပြောပြသည်။

အဆိုပါကဲ့သို့ ကုမ္ပဏီ၏
အလုပ်သမားစီမံခန့်ခွဲညွှန်ကြားမှုလွဲချော်ခဲ့ရာတွင်အလုပ်သမားအချို့မှာသတ်မှတ်စည်းမျဉ်း
အပြင်ဘတ်သို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။တည်ဆဲသတ္တုတွင်း ဥပဒေပုဒ်မ ၂၈အရ
စီမံခန့်ခွဲမှုလွဲမှားခဲ့ခြင်းအတွက်
စီမံခန့်ခွဲရေးလမ်းကြောင်းမှသာအရေးယူပေးရန်နေပြည်တော်ပြည်ထောင်စုတရားရုံးချုပ်သို့အယူခံမှုအဖြစ်
စာတင်ပြထား
ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်မှပြောပြသည်။အဆိုပါ အမှုအတွက်
ရှေ့နေဦးရောဘတ်စန်းအောင်က လိုက်ပါ ကူညီဆောင်ရွက်ပေးနေပြီး အဆိုပါအမှုမှာ
မြို့နယ်ရုံးတွင်ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိပဲ အထက်ရုံးတော်များကသာ
ပြန်လည်ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း မင်းဘူးမြို့နယ်ဥပဒေအရာရှိ
ဦးထွန်းထွန်းဝင်း က ပြောပြသည်။
*မင်းဘူး(စကု)မြို့နယ်ရှိ
စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် ဦးစိန်လင်းပါ(၅)ဦးအား သတ္ထုတွင်းဝန်ကြီးဌာန၏
တရားဝင်ခွင့်ပြချက် မရှိသည့်နေရာတွင် ကျောက်မီးသွေးတူးဖော်ခြင်းကြောင့် ၂၀၁၆
ခုနှစ် ဇူလှိုင်(၁)ရက်နေ့က မြန်မာသတ္ထုတွင်းဝန်ကြီးဌာန၏ ပြင်ဆင်သည့် ဥပဒေပုဒ်မ
၃၀(က)(၅) အရ မင်းဘူးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်းသိရသည်။*

     ထိုကျောက်မီးသွေးလုပ်ကွက်များသို
အနယ်နယ်အရပ်ရပ်မှလာရောက်လုပ်ကိုင်နေသောကြသောသူများအနေဖြင့်
ကျောက်မီးသွေးတစ်ပိဿာလျှင်လွန်ခဲ့သော ၂၀၁၅ခုနှစ်ဖေဖော်ဝါရီက
ကျပ်၃၅၀ရရှိကြပြီးဒေသတွင်းအလုပ်
အကိုင်ရှားပါး မှုကြောင့်
မိသားစုလိုက်ပြောင်းရွှေ့လုပ်ကိုင်နေသောပြည်သူ(၂၀၀၀)ခန့်ရှိပြီး
ကျေးရွာတစ်ရွာကဲ့သို့ပင်
ဖြစ်နေကြောင်းအဆိုပါကျောက်မီးသွေးတွင်းများသို့
သွားရောက်ရာအောက်ရွှေစက်တော်လမ်းခွဲတွင်
လက်ဖက်ရည် ဆိုင်ဖွင့်လစ်ရောင်းချသူအချို့ကပြောပြသည်။
နေဇော်

0 comments:

Post a Comment