ထီးလင်း ဇန် (၂၅)
ထီးလင်းမြို့နယ် ကျေးလက်ဒေဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း လက်ထောက်နည်းပညာရေးမှူးနှင့် လူထုစည်းရုံးရေးမှူးများ စည်းရုံးရေး စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ပြီး စည်းရုံးရေးမှူးများစွမ်းဆောင် ရည်မြှင့်တင်ရေး
သင်တန်းကို (၂၅.၁.၂၀၁၇)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ထီးလင်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်မှ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် မကွေးတိုင်းဒေသကြီး အတွင်း၌ ထီးလင်း၊ ဆော၊ ပေါက် (၃) မြို့နယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ် မြန်မာတစ်နိုင်ငံလုံးအနေနှင့် ယခုအချိန်ထိ မြို့နယ် (၄၇)မြို့နယ်တွင် အအကောက်အထည် ဖော်ဆောင်ရွက်လျှက်ရှိကြောင်းနှ င့်ယခုဖွင့်လှစ်သည့် သင်တန်းကို စိတ်ပါဝင်စားစွာ သင်ယူသွားရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိမှ လက်ထောက်နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများ အနေဖြင့် "ကုသိုလ်လည်းရဝမ်းလည်းဝ" ဆိုသည့်အတိုင်း မိမိမြို့နယ်ဖွံ့ဖြိုးရေးလုပ် ငန်းကို မိမိကိုယ်တိုင်
ဆောင်ရွက်ရမည့်အပြင် ထိုက်သင့်သည့် လစာ လည်းရမည်ဖြစ်ပါတယ် ထို့ကြောင့်
လုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်ကြွစွာပါဝင် ဆောင်ရွက်သွားကြဖို့
လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုအဆင့်သင်တန်း ကျွမ်းကျင်နည်းပြဆရာမ ဒေါ်ဌေးဌေးအောင်မှ လူထုဗဟိုပြုစီမံကိန်း စက်ဝန်း(၄)နှစ် တာကာလ တွင် လိုက်ပါဆောင်ရွက်ရမည့် ပြည်သူလူထု တွေကို လိုရာပန်းတိုင်ရောက်အောင် ပံ့ပိုးပေးရမည့် လူထုစည်းရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူးများ၏ စွမ်းရည်တွေ မြင့်မားလာစေရန်နှင့် လူထုဗဟိုပြုစီမံကိန်းရဲ့ သဘောသဘာဝတွေ ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့ သဘော သဘာဝတွေ လိုက်နာကျင့်သုံးရမည့်စည်းကမ်း တွေ တာဝန်ယူမှု/တာဝန်ခံမှု တွေကို သိရှိလာအောင် ပြည်ထောင်စုအဆင့်မှ မြို့နယ်အဆင့်၊ မြို့နယ်အဆင့်မှ လက်ထောက်နည်းပညာမှူးနှင့် လူထုစည်းရုံးရေးမှူးကို အဆင့်ဆင့် သင်တန်းပို့ချ သွားတာဖြစ်ကြောင်းရှင်းလင်းပြော ကြားခဲ့ပါသည်။ သင်တန်းကို နံနက်
(၁၀း၃၀) အချိန်တွင် ဌာနဆိုင်ရာအကြီးအကဲ ( ၆)ဦး ၊ လူထုစည်းရုံး ရေးမှူး (၂၅)
ဦး၊ လက်ထောက်နည်းပညာမှူး (၅)ဦး၊ သင်တန်းနည်းပြ (၅)ဦး ၊ သင်တန်းနည်းပြ အကူ
(၈)ဦး စုစုပေါင်းအင့်အား (၅၉)ဦး တက်ရောက်ခဲ့ပါသည်။
သီရိ(communication htilin drd)
ထီးလင်းမြို့နယ် ကျေးလက်ဒေဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း လက်ထောက်နည်းပညာရေးမှူးနှင့် လူထုစည်းရုံးရေးမှူးများ စည်းရုံးရေး စွမ်းဆောင်ရည်မြင့်မားလာစေရန်
အဆိုပါသင်တန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်မှ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် မကွေးတိုင်းဒေသကြီး အတွင်း၌ ထီးလင်း၊ ဆော၊ ပေါက် (၃) မြို့နယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ် မြန်မာတစ်နိုင်ငံလုံးအနေနှင့် ယခုအချိန်ထိ မြို့နယ် (၄၇)မြို့နယ်တွင် အအကောက်အထည် ဖော်ဆောင်ရွက်လျှက်ရှိကြောင်းနှ
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိမှ လက်ထောက်နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများ အနေဖြင့် "ကုသိုလ်လည်းရဝမ်းလည်းဝ" ဆိုသည့်အတိုင်း မိမိမြို့နယ်ဖွံ့ဖြိုးရေးလုပ်
ထို့အပြင် ပြည်ထောင်စုအဆင့်သင်တန်း ကျွမ်းကျင်နည်းပြဆရာမ ဒေါ်ဌေးဌေးအောင်မှ လူထုဗဟိုပြုစီမံကိန်း စက်ဝန်း(၄)နှစ် တာကာလ တွင် လိုက်ပါဆောင်ရွက်ရမည့် ပြည်သူလူထု တွေကို လိုရာပန်းတိုင်ရောက်အောင် ပံ့ပိုးပေးရမည့် လူထုစည်းရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူးများ၏ စွမ်းရည်တွေ မြင့်မားလာစေရန်နှင့် လူထုဗဟိုပြုစီမံကိန်းရဲ့ သဘောသဘာဝတွေ ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့ သဘော သဘာဝတွေ လိုက်နာကျင့်သုံးရမည့်စည်းကမ်း တွေ တာဝန်ယူမှု/တာဝန်ခံမှု တွေကို သိရှိလာအောင် ပြည်ထောင်စုအဆင့်မှ မြို့နယ်အဆင့်၊ မြို့နယ်အဆင့်မှ လက်ထောက်နည်းပညာမှူးနှင့် လူထုစည်းရုံးရေးမှူးကို အဆင့်ဆင့် သင်တန်းပို့ချ သွားတာဖြစ်ကြောင်းရှင်းလင်းပြော
သီရိ(communication htilin drd)
0 comments:
Post a Comment