ပွင့်ဖြူ ဇန်န၀ါရီ ၂၆
၂၀၁၇-ခုနှစ်၊ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်
ကျရောက်မည့် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်၊ဆေးရောင်လှလှခြယ်နှင့်
ပန်းချီပြိုင်ပွဲကို ဇန်န၀ါရီလ (၂၆)ရက်နေ့ နံနက် (၉)နာရီက ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး
ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ
အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၆၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဆုရ
ကျောင်းသား/ကျောင်းသူများအား မြို့နယ် ပြန်/ဆက်
ဦးစီးမှူး ဒေါ်မေသန္တာအောင် နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ခံ မြို့နယ်ဦးစီးမှူး
ဒေါ်မေသန္တာအောင်မှ ‘’ ယခုပြိုင်ပွဲကျင်းပပေးရတာက လူမှုအခြေပြုဗဟိုဌာန Community
Centre နှင့် Community Library များအဖြစ် လှုပ်ရှား ဆောင်ရွက်ရာမှာ KG အဆင့် ကျောင်းသား/ကျောင်းသူ
ကလေးငယ်များမှစပြီး မူလတန်း၊အလယ်တန်း၊အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူတွေအထိ စာကြည့်တိုက်တွေနှင့်
ရင်းနှီးကျွမ်းဝင်စေပြီး စာဖတ်ခြင်း အလေ့အထများ ရရှိအောင်၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်
စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုတများရရှိအောင် ကျင်းပပေးခြင်းပါ၊ ကလေးစာဖတ်ခန်းကိုလည်း
တိုးချဲ့ပြုပြင်မွမ်းမံထားပါတယ်၊ KG အဆင့် ကလေးငယ်များ လာရောက်လေ့လာ နိုင်အောင်၊ပန်းချီဆွဲနိုင်အောင်
ဖြည့်ဆည်းဆောင်ရွက်ပေးထားပါတယ်၊ အဓိကတော့ ကလေးငယ်များ စာကြည့်တိုက်ကို ရင်းနှီးစွာလာရောက်ပြီး
စာပေဖတ်ရှုလေ့လာနိုင်အောင် ရည်ရွယ်ခြင်းဖြစ်ပါတယ် ‘’ ဟုပြောသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment