Saturday, January 28, 2017

ပြည်ထောင်စုနေ့အကြို ပုံပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ




မင်းဘူး            ဇန်န၀ါရီ             ၂၄
          မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် Community Centerနှင့် Community Library အဆင့်မြှင့်တင်ခြင်းနှင့် သက်ဝင်လှုပ်ရှားမှုအနေဖြင့် ကလေးသူငယ်များ စာပေဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရန်၊ ဥာဏ်ရည် ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြို ပုံပြောပြိုင်ပွဲကို ဇန်န၀ါရီလ (၂၄)ရက်နေ့ နံနက်(၀၈း၃၀)အချိန်၌ လည်ကောင်း၊ စာစီစာကုံးပြိုင်ပွဲကို မွန်းလွဲ (၁း၃၀) အချိန်တွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာန Community Center ၌ကျင်းပခဲ့ကြောင်းသိရသည်။

          ပုံပြောပြိုင်ပွဲကို မင်းဘူးမြို့နယ်အတွင်းရှိမူလတန်းအောက်ဆင့် တစ်ကျောင်းလျှင် တစ်ယောက်နှုန်းဖြင့် စုစုပေါင်း ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ယှဉ်ပြိုင်ချိန် တစ်ဦးလျှင် (၁၀) မိနစ် သတ်မှတ်ကာ ယှဉ်ပြိုင်စေပြီး စာစီစာကုံးပြိုင်ပွဲကို အလယ်တန်းအဆင့်  ကျောင်းသား/သူ(၃၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး "ပြည်ထောင်စုနေ့ တို့မမေ့ " ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ချိန် (၁း၃၀) သတ်မှတ်ယှဉ်ပြိုင်စေခဲ့ကြောင်း သိရှိရသည်။

          အဆိုပါပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊ တတိယဆုနှင့် အထူးဆုနှစ်ဆုရရှိသူများအား မင်းဘူး ခရိုင်ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးအရာရှိဦးသန်းဌေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီသီး ပေးအပ်ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲဝင်ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။
ဖိုးပြည့်

0 comments:

Post a Comment