Saturday, January 28, 2017

မှုခင်းအသိပညာပေးယာဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်




မင်းဘူး           ဇန်န၀ါရီ             ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူများ မှုခင်းအသိပညာများ ရရှိစေရန်၊  မှုခင်းဖြစ်ပွားမှုလျော့နည်းစေရန်ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှု ဖြင့် ဇန်န၀ါရီလ ၂၃ရက်နေ့က မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညဏ်ကီးရှိန်ဦးဆောင်ကာ ကျောက်တန်းကျေးရွာ အ.လက(ခွဲ)၊ အိမ်ယာအ.ထ.က(ခွဲ)နှင့် မယ်ဘေ့ကုန်းကျေးရွာအ.ထ.က(ခွဲ) များတို့သွားရောက်ကာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ပြည်သူများအား မှုခင်းကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောကာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညဏ်ကီးရှိန်က သက်ငယ်မုဒိမ်းမှုများ ကျူးလွန်းမခံရစေရေးအတွက် အသိပညာပေးဟောပြောခြင်း၊ မင်းဘူးမြို့မစခန်းမှူး ဒုရဲမှူးဝင်းလှိုင်မှ မှုခင်းလျော့နည်းကျဆင်းရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အမှတ်(၁၈)ယာဉ်ထိန်း တပ်ဖွဲ့စုရုံးမှ ရဲတပ်ကြပ်ကြီး စိုင်းတင်သိန်းမှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖိုးပြည့်

0 comments:

Post a Comment