ပွင့်ဖြူ ဇန်န၀ါရီ ၂၇
ပွင့်ဖြူမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်
ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နှစ်(၇၀)ပြည့်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ဇန်န၀ါရီလ (၂၇)ရက်နေ့ နံနက်(၁၀)နာရီက
ပွင့်ဖြူမြို့နယ် ပြန်/ဆက်ရုံး ခန်းမတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ရှေးဦးစွာ ကဗျာဆရာကြီး စလင်း-ခင်မောင်ရည်မှ
ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ် ဦးစီးမှူး ဒေါ်မေသန္တာအောင် စာဖတ်ရှိမြှင့်တင်ရေးအတွက်
မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကဗျာရွတ်ဆို ပြိုင်ပွဲ ကျင်းပပေးရခြင်း၏ရည်ရွယ်ချက်များကို
ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ပွင့်ဖြူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ
မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ( ၁၀ )ဦးမှ
ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။၎င်းနောက်
ပြိုင်ပွဲတွင် ဆုရရှိကြသည့် အ.မ.က(၁)မှ မစိုးသီရိစံအား မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်မှလည်းကောင်း၊
ဒုတိယဆုရရှိသည့် အ.မ.က (၂)မှ မဇွန်နှင်းချစ်စုအား ကဗျာဆရာကြီး စလင်း-ခင်မောင်ရည်မှ
လည်းကောင်း၊တတိယဆုရရှိသည့် အ.ထ.က ကျောင်းမှ မကြည်ဖြူစံအား ဆရာဦးအောင်သိန်းဝင်းမှ လည်းကောင်း၊ တတိယ(ပူးတွဲ)ဆုရရှိသည့်
အ.မ.က(၁) မှ မအိနြေ္ဒရှင်းသန့် အား ဆရာမ ဒေါ်ကြည်ကြည်ဆွေမှ လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်
အ.မ.က(၂)မှ မနှင်းအိလွင်အား မြို့နယ်ကော်မရှင်ရုံး ဦးစီးအရာရှိမှ လည်းကောင်း၊ ဆုများအသီးသီး
ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူး
ဒေါ်မေသန္တာအောင်မှ ဂုဏ်ပြုလက်ဆောင် ပစ္စည်း များ ပေးအပ်ခဲ့သည်။ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲ
အမှတ်ကြီးကြပ် ဒိုင်အကြီးအကဲ ဆရာ စလင်း-ခင်မောင်ရည် မှ အမှတ်ပေးအကဲဖြတ်မှုများနှင့်
ပတ်သက်၍ရှင်းလင်းပြောကြားပြီး ဆုရကျောင်းသား/ကျောင်းသူများနှင့် မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း
သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment