Saturday, January 28, 2017

*စလင်းမြို့နယ်တရားရုံးရှေ့တွင် အဂတိကင်းရှင်းရေး ညီအစ်မနှစ်ဦးဆန္ဒထုတ်ဖော်*



          စလင်းမြို့၊ မြို့နယ်တရားရုံးရှေ့တွင် စလင်းမြို့နယ်၊
တောစိမ့်ကျေးရွာနေတောင်သူ  ညီအစ်မနှစ်ဦးက  ၎င်းတို့၏  လယ်ဝယ်ရှိ ပုစံ(၇)ရရှိပြီး
စိုက်ပျိုးထားသော နှမ်းခင်းများကို ကျုးကျော်ဝင်ရောက်ဖျက်ဆီးခဲ့မှု
အား
တရားစွဲခဲ့ရာ စလင်းမြို့နယ်တရားရုံးမှ  အမှုပလက်လိုက်သည့်ကိစ္စနှင့်ပက်သက်၍
ကျေနပ်မှုမရှိကာ ဇန်နနဝါရီ(၂၃)ရက်နေ့ နံနက်(၁၀)နာရီချိန်က ခွင့်ပြုချက်ဖြင့်
ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖ်ာမှုအား  တောစိမ့်ကျေးရွာနေ မမာချို နှင့် ညီမဖြစ်သူ
မလှမျိုးခိုင် တို့နှစ်ဦး မှ “ ပြည်သူ့ဘဝလုံခြုံရေး
ဥပေဒေနှင့်အညီကာကွယ်ပေး၊အဂတိကင်းဝေး၊တရားရေးမနှေးဆောင်ရွက်ပါ” စသည့်
စာသားများပါသော ဆိုင်းဘုတ်များ လည်းပင်းဆွဲကာ ဆိုင်ဘုတ်ပါစာသားများအား
ကျွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။  အဆိုပါဆန္ဒထုတ်ဖော်မှုအား
နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအချိန်ထိ  ကြွေးဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ မမာချို မှပြောပြသည်။

“တရားလိုဘက်က ပုံစံ(၇)ရရှိပြီး မြေပေါ်မှနှမ်းခင်းအား
ဖျက်ဆီးခံရတယ်လို့ဦးတိုက်လျှောက်ထားတယ် တရားလို၏ သက်သေစစ်ဆေးတဲ့အခါမှာ
ပုံစံ(၇)သက်သေတင်ပြခဲ့ခြင်းမရှိခဲ့သည့်အတွက် သက်သေအားနည်းသည့်အတွက်
တရားရှင်လွတ်လိုက်ခြင်းကြောင်း၊ ” မြို့နယ်တရားသူကြီး ဒေါ်သိင်္ဂီမြင့်အောင်
မှပြောကြားသည်။

“ကျွန်တော်တို့စလင်းမြို့မှာ ခေတ်အဆက်ဆက်ဆန္ဒထုတ်ဖော်မှုမရှိခဲ့ဘူး
ယခုဆန္ဒထုတ်ဖော်မှုများ ပထမဦးဆုံးမြင်ဖူးခြင်း ဖြစ်ကြောင်း
ယခုလိုဆန္ဒထုတ်ဖော်တာမြင်ရတော့ ဒေသခံပြည်သူတွေ မျက်စိပွင့်နားပွင့် ဖြစ်တာပေါ့
“ဟု စလင်းမြို့ခံ ဦးစောကျော်ဝင်း မှပြောပြသည်။
 နေဇော်

0 comments:

Post a Comment