Saturday, January 28, 2017

နွေစပါးစိုက်ပျိုးချိန်အမီ ရေဆိုးထုတ်မြောင်းများနှင့် မြောင်းကူးတံတားများ တိုးချဲ့ပြုပြင်ဆောင်ရွက်




ပွင့်ဖြူ      ဇန်န၀ါရီ      ၂၄
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ ကျေးလက်နေဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ကြီးအုံ-ကြီးဝရေလှောင်တမံမှ တဆင့် ပို့လွှတ်သော မုန်းချောင်းရေအား မဲဇလီ ရေလွှဲဆည်မှတဆင့် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ ဖြန့်ဝေသည့် စိုက်ပျိုရေကို အား ထား အသုံးပြု စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။
          ပွင့်ဖြူမြို့နယ်၊ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသခံတောင်သူများ နွေစပါး စိုက်ပျိုးချိန်အမီ စိုက်ပျိုးရေလုံလောက်စွာရရှိပြီး စပါးစိုက်ခင်းများ ရေနစ်မြှပ်ပျက်စီးမှုများမှ ကာကွယ်နိုင်ရန် ရေဆိုးထုတ်မြောင်းများ တူးဖော်ခြင်းနှင့် သွားလာရေးလွယ်ကူစေရန် မြောင်းကူးတံတားများ တို့ချဲ့တည်ဆောက်ခြင်းများဆောင်ရွက်လျက်ရှိသည်။ မဲဇလီရေလွှဲဆည်၊တောင်မုန်းမြောင်းမကြီး ၏ ဘိုကုန်းကျေးရွာအနီးရှိ ရေပေးမြောင်း လက်တံ(၆)နှင့် လက်တံ(၇)ကြား ရေဆိုးထုတ်မြောင်းအား အရှည် (၂၆၅၀၀) ပေ၊အကျယ် (၁၀)ပေ၊အနက်(၅)ပေ အား စက်ယန္တယားများဖြင့် တိုးချဲ့ဖောက်လုပ်ပေးလျက်ရှိသည်။အဆိုပါ ရေဆိုးထုတ်မြောင်း တူးဖော်ပေးခြင်းဖြင့် ညောင်ပင်ရွာ၊အင်းဒေါင်းကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ဘိုကုန်းကျေးရွာ နှင့် ကျောင်းတော်ရာကျေးရွာအုပ်စုများအတွင်းရှိ လယ်ဧက(၅၀၀)ကျော် ရေနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဘုမချောင်း(ခ)အုန်းပွဲချောင်း၊ ဖိုးဖျင်းချောင်း၊ ချောင်းဖြူချောင်းနှင့် ကျိုင်းချောင်းတို့တွင်လည် စပါးစိုက်ခင်း များအတွင်း ချောင်းရေများ ၀င်ရောက်နစ်မြုပ်မှုမှ ကာကွယ်ရန် ရေဆိုးထုတ်မြောင်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ ဆည်တော်ကျေးရွာအနီးရှိ ကျိုင်းချောင်း Super Passage ရေဆိုးထုတ် တံတားမှာ ယခင်ရေဆိုးထုတ်တံတား ဖြင့် မလုံလောက်သဖြင့် အရှည်(၉၉)ပေ၊အကျယ် (၅)ပေပတ်လည်ရှိ ရေထုတ်ပေါက် (၂)ပေါက်အား သံကူကွန်ကရစ်ဖြင့် တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည်။
          မဲဇလီကျေးရွာနှင့် ဆည်တော်ကျေးရွာအနီးရှိ မဲဇလီရေလွှဲဆည်မှ မြောင်းကူးတံတားများမှာ နှစ်ပေါင်း (၁၀၀) ကျော်ကြာမြင့်နေပြီဖြစ်၍ ကြံ့ခိုင်မှုအားနည်းနေလျက်ရှိရာ တောင်မုန်းမြောင်းမကြီး ဆည်တော်ကျေးရွာအနီးတွင် မြောင်းကူးသံကူကွန်ကရစ်တံတားအား အရှည်(၁၂၀)ပေ၊အကျယ်(၁၄)ပေဖြင့်လည်းကောင်း၊မဲဇလီကျေးရွာအနီးရှိ မြောင်းကူး သံကူကွန်ကရစ်တံတားအား အရှည် (၁၀၀)ပေ၊အကျယ်(၁၄)ပေဖြင့်လည်းကောင်း သံကူကွန်ကရစ် မြောင်းကူးတံတားများ တိုးချဲ့ တည်ဆောက်ပေးနေလျက်ရှိသည်။အဆိုပါ မြောင်းကူးတံတား(၂)စင်းသည် ပုသိမ်-မုံရွာ ကာလမ်းမကြီးနှင့် ပွင့်ဖြူမြို့သို့ဆက်သွယ်သည့် မြောင်းဘောင်လမ်းတွင် တည်ရှိပြီး ဒေသခံပြည်သူများ ရာသီမရွေး ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။
          ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ပေါင်း(၄၄)ခုအား နွေစပါးစိုက်ပျိုးချိန်အမီ ပြီးစီးအောင်ဆောင်ရွက်သွားနိုင်ရန် ဦးစီးအရာရှိ ဦးစိုးလွင်နှင့် ဦးစီးမှူး၊ ဒု-ဦးစီးမှူးများမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment