Sunday, January 1, 2017

ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံရှင်းလင်းပွဲနှင့်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်


မကွေး     ဇန်န၀ါရီ      ၁
ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံရှင်းလင်းပွဲနှင့်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို  ဒီဇင်ဘာ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့များတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်းက တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ ဥပဒေအရာရှိများ၏ ဂုဏ်သိက္ခာ၊အရည်အသွေးနှင့်အရည်အချင်းတိုးတက်မြင့်မား ရေးအတွက် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်ရင်ရင်နုနှင့်ခရိုင်ဥပဒေ အရာရှိ(၅)ဦးတို့က ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံများကို ရှင်းလင်းပြော ကြားခဲ့ကြကြောင်းနှင့်မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် နှင့်မြို့နယ်ရုံးများမှ ဥပဒေအရာရှိများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment