This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, January 28, 2017

စည်းရုံးရေးမှူးများစွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကျင်းပ


             ထီးလင်း ဇန် (၂၅)
      ထီးလင်းမြို့နယ် ကျေးလက်ဒေဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း လက်ထောက်နည်းပညာရေးမှူးနှင့် လူထုစည်းရုံးရေးမှူးများ စည်းရုံးရေး စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်ပြီး စည်းရုံးရေးမှူးများစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို (၂၅.၁.၂၀၁၇)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် ဖွင့်လှစ်ခဲ့ပါသည်။
        အဆိုပါသင်တန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်မှ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် မကွေးတိုင်းဒေသကြီး အတွင်း၌ ထီးလင်း၊ ဆော၊ ပေါက် (၃) မြို့နယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ် မြန်မာတစ်နိုင်ငံလုံးအနေနှင့် ယခုအချိန်ထိ မြို့နယ် (၄၇)မြို့နယ်တွင် အအကောက်အထည် ဖော်ဆောင်ရွက်လျှက်ရှိကြောင်းနှင့်ယခုဖွင့်လှစ်သည့် သင်တန်းကို စိတ်ပါဝင်စားစွာ သင်ယူသွားရန် မှာကြားခဲ့ပါသည်။
        ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိမှ လက်ထောက်နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများ အနေဖြင့် "ကုသိုလ်လည်းရဝမ်းလည်းဝ" ဆိုသည့်အတိုင်း မိမိမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းကို မိမိကိုယ်တိုင် ဆောင်ရွက်ရမည့်အပြင် ထိုက်သင့်သည့် လစာ လည်းရမည်ဖြစ်ပါတယ် ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်ကြွစွာပါဝင် ဆောင်ရွက်သွားကြဖို့ လိုကြောင်း ပြောကြားခဲ့ပါသည်။
         ထို့အပြင် ပြည်ထောင်စုအဆင့်သင်တန်း ကျွမ်းကျင်နည်းပြဆရာမ ဒေါ်ဌေးဌေးအောင်မှ လူထုဗဟိုပြုစီမံကိန်း စက်ဝန်း(၄)နှစ် တာကာလ တွင် လိုက်ပါဆောင်ရွက်ရမည့် ပြည်သူလူထု တွေကို လိုရာပန်းတိုင်ရောက်အောင် ပံ့ပိုးပေးရမည့် လူထုစည်းရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူးများ၏ စွမ်းရည်တွေ မြင့်မားလာစေရန်နှင့် လူထုဗဟိုပြုစီမံကိန်းရဲ့ သဘောသဘာဝတွေ ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့ သဘော သဘာဝတွေ လိုက်နာကျင့်သုံးရမည့်စည်းကမ်း တွေ တာဝန်ယူမှု/တာဝန်ခံမှု တွေကို သိရှိလာအောင် ပြည်ထောင်စုအဆင့်မှ မြို့နယ်အဆင့်၊ မြို့နယ်အဆင့်မှ လက်ထောက်နည်းပညာမှူးနှင့် လူထုစည်းရုံးရေးမှူးကို အဆင့်ဆင့် သင်တန်းပို့ချ သွားတာဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းကို နံနက် (၁၀း၃၀) အချိန်တွင် ဌာနဆိုင်ရာအကြီးအကဲ ( ၆)ဦး ၊ လူထုစည်းရုံး ရေးမှူး (၂၅) ဦး၊ လက်ထောက်နည်းပညာမှူး (၅)ဦး၊ သင်တန်းနည်းပြ (၅)ဦး ၊ သင်တန်းနည်းပြ အကူ (၈)ဦး စုစုပေါင်းအင့်အား (၅၉)ဦး တက်ရောက်ခဲ့ပါသည်။
                             သီရိ(communication htilin drd)

နှစ်{ ၇၀ }ပြည့် ပြည်ထောင်စုနေ့ အကြို ပုံပြော ပြိုင်ပွဲ ကျင်းပ



-
မြို့သစ် ဇန်နဝါရီ---/၂၇

မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်ရှိ
မြန်မာကလေးငယ်များ၏ဥာဏ်ရည်ဥာဏ်သွေး
နှင့်အယူအဆများထက်မြတ်လာစေရေးတီထွင်
ဖန်တီးလိုစိတ်များရင့်သန်လာစေရေးနှင့်ပျော်
ရွင်မှုရရှိစေရေးရည်ရွယ်၍နှစ်{၇၀}ပြည့်ပြည်ထောင်စုနေ့အကြိုပုံပြောပြိုင်ပွဲကိုယနေ့နံနက်(၉)နာရီကမြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်၌ကျင်းပသည် ။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့
ဆက်ဆံရေးဦးစီး ဌာနဦးစီးမှူး ဒေါ်ဝင်းအိဇွန်
မှ ပုံပြောပြိုင်ပွဲ ကျင်းပပေးရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားခဲ့သည် ။
ထို့နောက် ပုံပြောပြိုင်ပွဲကိုမူလတန်း/အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ
(၁၇)ဦးဖြင့်စတင်ကျင်းပခဲ့ရာ{ပထမဆု}မသဲစုနဒီလှိုင်(မင်းရပ်အမက){ဒုတိယဆု}မောင်အောင်ဖုန်းသန့်(မြို့မကျောင်း){တတိယဆု}မမြတ်ဘုန်းခင် (အထက/၁ ) တို့မှအသီးသီး ရရှိခဲ့ပြီး နှစ်သိမ့်ဆု(၁)မသက်မှူးခင်{မြို့မကျောင်း}နှစ်သိမ့်(၂)မခြူခြူးခိုင် { အထက/၂}/ နှစ်သိမ့်ဆု (၃)မအေးရတနာလှိုင် { မင်းရပ် အမက }တို့မှ
အသီးသီးရရှိ ခဲ့ကြောင်းသိရသည် ။
----------------------------------------။
သန်းဝင်းထွန်း(မြို့သစ်) ။
----------------------------------------။

နှစ်(၇၀)ပြည့်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ




ပွင့်ဖြူ      ဇန်န၀ါရီ     ၂၇
ပွင့်ဖြူမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နှစ်(၇၀)ပြည့်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ဇန်န၀ါရီလ (၂၇)ရက်နေ့ နံနက်(၁၀)နာရီက ပွင့်ဖြူမြို့နယ် ပြန်/ဆက်ရုံး ခန်းမတွင် ကျင်းပခဲ့သည်။
        ပြိုင်ပွဲတွင် ရှေးဦးစွာ ကဗျာဆရာကြီး စလင်း-ခင်မောင်ရည်မှ ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ် ဦးစီးမှူး ဒေါ်မေသန္တာအောင် စာဖတ်ရှိမြှင့်တင်ရေးအတွက် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကဗျာရွတ်ဆို ပြိုင်ပွဲ ကျင်းပပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ပွင့်ဖြူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ( ၁၀  )ဦးမှ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။၎င်းနောက် ပြိုင်ပွဲတွင် ဆုရရှိကြသည့် အ.မ.က(၁)မှ မစိုးသီရိစံအား မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အ.မ.က (၂)မှ မဇွန်နှင်းချစ်စုအား ကဗျာဆရာကြီး စလင်း-ခင်မောင်ရည်မှ လည်းကောင်း၊တတိယဆုရရှိသည့် အ.ထ.က ကျောင်းမှ မကြည်ဖြူစံအား  ဆရာဦးအောင်သိန်းဝင်းမှ လည်းကောင်း၊ တတိယ(ပူးတွဲ)ဆုရရှိသည့် အ.မ.က(၁) မှ မအိနြေ္ဒရှင်းသန့် အား ဆရာမ ဒေါ်ကြည်ကြည်ဆွေမှ လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် အ.မ.က(၂)မှ မနှင်းအိလွင်အား မြို့နယ်ကော်မရှင်ရုံး ဦးစီးအရာရှိမှ လည်းကောင်း၊ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်မှ ဂုဏ်ပြုလက်ဆောင် ပစ္စည်း များ ပေးအပ်ခဲ့သည်။ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲ အမှတ်ကြီးကြပ် ဒိုင်အကြီးအကဲ ဆရာ စလင်း-ခင်မောင်ရည် မှ အမှတ်ပေးအကဲဖြတ်မှုများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး ဆုရကျောင်းသား/ကျောင်းသူများနှင့် မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်၊ဆေးရောင်လှလှခြယ်ခြင်းနှင့် ပန်းချီပြိုင်ပွဲကျင်းပ




ပွင့်ဖြူ       ဇန်န၀ါရီ       ၂၆
          ၂၀၁၇-ခုနှစ်၊ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်၊ဆေးရောင်လှလှခြယ်နှင့် ပန်းချီပြိုင်ပွဲကို ဇန်န၀ါရီလ (၂၆)ရက်နေ့ နံနက် (၉)နာရီက ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။

          အဆိုပါပြိုင်ပွဲသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၆၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများအား  မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်မေသန္တာအောင် နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

          ပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ခံ မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်မှ ‘’ ယခုပြိုင်ပွဲကျင်းပပေးရတာက လူမှုအခြေပြုဗဟိုဌာန Community Centre နှင့် Community Library များအဖြစ် လှုပ်ရှား ဆောင်ရွက်ရာမှာ KG အဆင့် ကျောင်းသား/ကျောင်းသူ ကလေးငယ်များမှစပြီး မူလတန်း၊အလယ်တန်း၊အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူတွေအထိ စာကြည့်တိုက်တွေနှင့် ရင်းနှီးကျွမ်းဝင်စေပြီး စာဖတ်ခြင်း အလေ့အထများ ရရှိအောင်၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုတများရရှိအောင် ကျင်းပပေးခြင်းပါ၊ ကလေးစာဖတ်ခန်းကိုလည်း တိုးချဲ့ပြုပြင်မွမ်းမံထားပါတယ်၊ KG အဆင့် ကလေးငယ်များ လာရောက်လေ့လာ နိုင်အောင်၊ပန်းချီဆွဲနိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးထားပါတယ်၊ အဓိကတော့ ကလေးငယ်များ စာကြည့်တိုက်ကို ရင်းနှီးစွာလာရောက်ပြီး စာပေဖတ်ရှုလေ့လာနိုင်အောင် ရည်ရွယ်ခြင်းဖြစ်ပါတယ် ‘’ ဟုပြောသည်။
          သူရထွန်း(ပွင့်ဖြူ)

ပြည်ထောင်စုနေ့အကြို ပုံပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ




မင်းဘူး            ဇန်န၀ါရီ             ၂၄
          မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် Community Centerနှင့် Community Library အဆင့်မြှင့်တင်ခြင်းနှင့် သက်ဝင်လှုပ်ရှားမှုအနေဖြင့် ကလေးသူငယ်များ စာပေဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရန်၊ ဥာဏ်ရည် ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြို ပုံပြောပြိုင်ပွဲကို ဇန်န၀ါရီလ (၂၄)ရက်နေ့ နံနက်(၀၈း၃၀)အချိန်၌ လည်ကောင်း၊ စာစီစာကုံးပြိုင်ပွဲကို မွန်းလွဲ (၁း၃၀) အချိန်တွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာန Community Center ၌ကျင်းပခဲ့ကြောင်းသိရသည်။

          ပုံပြောပြိုင်ပွဲကို မင်းဘူးမြို့နယ်အတွင်းရှိမူလတန်းအောက်ဆင့် တစ်ကျောင်းလျှင် တစ်ယောက်နှုန်းဖြင့် စုစုပေါင်း ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ယှဉ်ပြိုင်ချိန် တစ်ဦးလျှင် (၁၀) မိနစ် သတ်မှတ်ကာ ယှဉ်ပြိုင်စေပြီး စာစီစာကုံးပြိုင်ပွဲကို အလယ်တန်းအဆင့်  ကျောင်းသား/သူ(၃၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး "ပြည်ထောင်စုနေ့ တို့မမေ့ " ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ချိန် (၁း၃၀) သတ်မှတ်ယှဉ်ပြိုင်စေခဲ့ကြောင်း သိရှိရသည်။

          အဆိုပါပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊ တတိယဆုနှင့် အထူးဆုနှစ်ဆုရရှိသူများအား မင်းဘူး ခရိုင်ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးအရာရှိဦးသန်းဌေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီသီး ပေးအပ်ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲဝင်ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။
ဖိုးပြည့်